ချိုချို ချဉ်ချဉ်လေးနဲ့ စားလို့ကောင်းတဲ့ နာနတ်သီးနဲ့ ပတ်သက်ပြီး အသုံးဝင်စေမယ့် နည်းလေးတွေကို မျှဝေပါရစေ။

နာနတ်သီးမှာ ဗီတာမင်ဓာတ် များစွာပါဝင်ပြီး သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ မက်ဂနီဆီယမ်ဓာတ်တွေ ပေါများစွာ ပါဝင်ပါသေးတယ်။ နာနတ်သီးဟာ လူကြီးလူငယ်မရွေး စားသုံးလို့ တည့်ပြီး အကျိုးလည်း များစေပါတယ်။ နာနတ်သီးဟာ အမြင်အာရုံ ကြည်လင်စေပြီး အရိုးကိုလည်း သန်စွမ်းစေပါတယ်။ ဗီတာမင်စီ အများအပြား ပါဝင်တာကြောင့် အအေးမိ ဖျားနာခြင်းတွေကို ကာကွယ်ပေးပါတယ်။

Pineapple Juice
နာနတ်သီးကို အရေပြား ကင်ဆာအတွက် အကျိုးများစေမယ့် အသီးအဖြစ် အမေရိကန်က စမ်းသပ်တွေ့ရှိထားပါတယ်။ သူ့မှာ ပါဝင်တဲ့ ဘရိုမီလန်ကြောင့် အရေပြားကင်ဆာ ဖြစ်စေနိုင်ခြင်းကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ နာနတ်သီးကို စားတဲ့အခါ သူ့တစ်ခုတည်းစားခြင်းက ပိုပြီး အကျိုးများစေပါတယ်။ အရိုးတွေ အတွက်ဆိုရင် နေ့တိုင်း ပုံမှန် ဖျော်ရည် တစ်ခွက်လောက် သောက်ပေး သင့်ပါတယ်။ နေ့လည်ခင်းတွေမှာ စားပေးခြင်းဖြင့် အစာကြေစေပြီး ရင်ချောင်စေပါတယ်။ နာနတ်သီးကို ဆီးချိုသမားတွေ စားပေးသင့်တဲ့ အချက်ကတော့ ဆီးချိုကြောင့် မပျောက်နိုင်တဲ့ အနာတွေကို သက်သာစေနိုင်တာပါ။ နာနတ်သီးဟာ သွေးအားနည်း ရောဂါနဲ့ သွေးကြောကျဉ်းရောဂါတွေ ကိုလည်း သက်သာစေနိုင်ပါတယ်။

pineapple_skincare

နာနတ်သီးကို အသားအရေ လှပဖို့ အတွက် အသုံးပြုလို့လည်း ရပါတယ်။ ဘာကြောင့်လဲဆိုရင် နာနတ်သီးမှာ ပါဝင်တဲ့ဓာတ်ပေါင်းစုဟာ ပါးရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နာနတ်သီးနဲ့ သံလွင်ဆီကို ဖျော်ပြီး မျက်နှာကို လိမ်းပေးရင် သက်သာစေနိုင်ပါတယ်။ တစ်ပတ်တစ်ခါ လောက်ပဲ ပြုလုပ်ရုံပါပဲ။ နာနတ်သီးအရည်နဲ့ သံလွင်ဆီကို ရောပြီး မျက်နှာပေါ် လိမ်းပေးပါ။

မိနစ် ၂၀-၂၅ လောက်ထားပြီးရင် ဆေးပစ်လိုက်ပါ။ နာနတ်သီးကို မျက်နှာပေါင်းတင် ဆေးအဖြစ်လည်း သုံးကြပါတယ်။ နာနတ်သီးဟာ ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အသစ်တွေ ပြန်လည် မွေးဖွားစေပါတယ်။ နာနတ်သီး မှည့်ကို မျက်နှာပေါ် နေရာအနှံ့ ပွတ်ပြီး ဆယ်မိနစ်လောက် ထားလိုက်ပါ။ ပြီးရင် ရေနဲ့ သေချာ ပြန်ဆေးပေးပါ။ အသားအရေ နူးညံ့လာစေပါတယ်။ မျက်နှာအပြင် တစ်ခြား ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

Pineapple-Tree

နာနတ်သီးကို အိမ်မှာ တပိုင်တနိုင် စိုက်ထားလို့ ရပါတယ်။ ဝယ်လာတဲ့ အသီးကို အပေါ်က အပင်ဖြတ်ပြီး ရေထဲမှာ စိုက်ထားပါ။ အမြစ်လေးတွေ ထွက်လာတဲ့ အထိ စိုက်ထားပြီး အမြစ်လေးတွေ ထွက်လာပြီဆိုရင် မြေကြီးထဲ ထည့်စိုက်လို့ ရပါပြီ။

Credit: health