အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူး၊ ဝက်သား၊ ကြက်ဥ စတဲ့ အစားအစာများနဲ့ စုံနေအောင် ကြော်ထားတဲ့ အာလူးထမင်းကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
- ဝက်သားပြား ၃ ပြား (အနေတော်အတုံး တုံးထားပါ)
- အာလူး ၂၂၅ ဂရမ် (လေးထောင့်အတုံးငယ် တုံးထားပါ)
- ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
- ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)
- ထမင်း ပန်းကန်လုံး ၃ လုံးစာ
- ပဲလုံးစိမ်း ၁၁၂ ဂရမ်
- ငရုတ်ကောင်းမှုန့်နှင့် ဆားအနည်းငယ်
- ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးပြီးနောက် ဖြူသောအစိတ်အပိုင်းနှင့် စိမ်းသောအစိတ်အပိုင်းကို သပ်သပ်စီခွဲထားပါ)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်းတစ်ဝက်ထည့်ပါ။ အနေတော်လှီးဖြတ်ထားသော ဝက်သားပြားများထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။
၂။ အာလူးထည့်ပြီးနောက် ရွှေညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးပါ။ ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပါ။ ထို့နောက် ရေ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ အဖုံးအုပ်ထားပြီး တစ်မိနစ်ခန့် ပေါင်းလိုက်ပါ။ ထို့နောက် ဝက်သားပန်းကန်ထဲသို့ ရောထည့်ထားနိုင်ပါတယ်။
၃။ ကျန်ရှိနေသော ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီးနောက် ကြက်ဥထည့်ကာ ကြော်ပေးလိုက်ပါ။ ကြက်ဥမကျက်တကျက်အချိန်မှာ ထမင်းထည့်ပြီးနောက် ပဲလုံးစိမ်း၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။ ထို့နောက် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။
၄။ နှစ်မိနစ်၊ သုံးမိနစ်ခန့် ကြော်ပြီးပါက အာလူးနှင့် ဝက်သားကြော်တို့ထည့်ကာ နောက်ထပ် တစ်မိနစ်၊ နှစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။
အရသာအစပ်အဟပ်တည့်သွားပြီဆိုရင်တော့ အာလူးထမင်းကြော်လေး ရရှိသွားပါပြီ။
Source: Omnivorescookbook.com