အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူး၊ ဝက်သား၊ ကြက်ဥ စတဲ့ အစားအစာများနဲ့ စုံနေအောင် ကြော်ထားတဲ့ အာလူးထမင်းကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ဝက်သားပြား ၃ ပြား (အနေတော်အတုံး တုံးထားပါ)
  • အာလူး ၂၂၅ ဂရမ် (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)

  • ထမင်း ပန်းကန်လုံး ၃ လုံးစာ
  • ပဲလုံးစိမ်း ၁၁၂ ဂရမ်
  • ငရုတ်ကောင်းမှုန့်နှင့် ဆားအနည်းငယ်
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးပြီးနောက် ဖြူသောအစိတ်အပိုင်းနှင့် စိမ်းသောအစိတ်အပိုင်းကို သပ်သပ်စီခွဲထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်းတစ်ဝက်ထည့်ပါ။ အနေတော်လှီးဖြတ်ထားသော ဝက်သားပြားများထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၂။ အာလူးထည့်ပြီးနောက် ရွှေညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးပါ။ ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပါ။ ထို့နောက် ရေ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ အဖုံးအုပ်ထားပြီး တစ်မိနစ်ခန့် ပေါင်းလိုက်ပါ။ ထို့နောက် ဝက်သားပန်းကန်ထဲသို့ ရောထည့်ထားနိုင်ပါတယ်။

၃။ ကျန်ရှိနေသော ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီးနောက် ကြက်ဥထည့်ကာ ကြော်ပေးလိုက်ပါ။ ကြက်ဥမကျက်တကျက်အချိန်မှာ ထမင်းထည့်ပြီးနောက် ပဲလုံးစိမ်း၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။ ထို့နောက် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။

၄။ နှစ်မိနစ်၊ သုံးမိနစ်ခန့် ကြော်ပြီးပါက အာလူးနှင့် ဝက်သားကြော်တို့ထည့်ကာ နောက်ထပ် တစ်မိနစ်၊ နှစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

အရသာအစပ်အဟပ်တည့်သွားပြီဆိုရင်တော့ အာလူးထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com