ပဲစောင်းလျားသီးကို စားဖူးလားရှင့်။ စာရေးသူကတော့ တောင်ပေါ်ဒေသမှာနေခဲ့တော့ ငယ်ငယ်တုန်းကအရမ်းစားပါတယ်။ အရသာလည်းရှိတယ်။ ပဲစောင်းလျားသီးဟာအရသာရှိပြီး အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါပဲ။

61KJWyWDX4L

ပဲစောင်းလျားသီးရဲ့ အရွက်၊ အမြစ်၊ အသီး၊ အပွင့်အားလုံးကိုစားလို့ရပါတယ်။ ပဲစောင်းလျားသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးခြင်း

Antioxidant တွေကြွယ်ဝစွာပါဝင်တဲ့ ပဲစောင်းလျားသီးဟာ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းကိုသက်သာစေတယ်

portrait of young woman with migraine against white background

ခေါင်းနှစ်ဖက်လုံးကိုက်တာ ခေါင်းတခြမ်းထဲကိုက်တာတွေက လူတိုင်းလိုလိုကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါပဲ။ ပဲစောင်းလျားသီးဟာ အဲဒီလိုခေါင်းကိုက်တာတွေကို သက်သာစေပါတယ်။

ကိုယ်ဝန်ဆောင်ကျန်းမာရေး

pregnant-woman-in-white-drinking-from-glass-of-water

ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သံဓါတ်မြင့်မားစွာပါဝင်လို့ မွေးလာတဲ့ကလေးပေါင်မပြည့်တာမျိုးကို ကာကွယ်ပေးနိုင်သလို ကိုယ်ဝန်ဆောင်မိခင်ကိုလည်း ကျန်းမာစေပါတယ်။

အမြင်အာရုံကိုကောင်းမွန်စေခြင်း

ပဲစောင်းလျားသီးဟာ အမြင်အာရုံကို ကောင်းမွန်စေပြီး မျက်လုံးနဲ့ ဦးနှောက်ကို ကျန်းမာစေပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း

အစာချေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းချုပ်မှုကိုသက်သာစေလို့ နေရထိုင်ရတာ သက်တောင့်သက်တာဖြစ်စေသလို ကိုယ်အလေးချိန်တက် မလာအောင်လည်း ကာကွယ်ပေးပါတယ်။

ဆီးချိုရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း

ဗီတာမင်Dနဲ့ကယ်လ်ဆီယမ်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ပန်းနာရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း

6a00e008d618bb8834015433c528ed970c-500wi

အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုဖြစ်တဲ့ ပန်းနာရောဂါကိုကာကွယ်ပေးပြီး အသက်ရှုတာကို ပုံမှန်ဖြစ်စေဖို့အတွက် ပဲစောင်းလျားသီးက ကူညီပေးပါတယ်။ မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်လို့ အကောင်းဆုံးဆေးတစ်လက်ပါပဲ။

ကိုယ်ခံအားနစ်ကိုကောင်းမွန်စေခြင်း

ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး တခြားရောဂါပိုးတွေအလွယ်တကူဝင်ရောက်ခြင်းကနေကာကွယ်ပေးနိုင်ပါတယ်။