စပျစ်သီးက အရသာကောင်းရုံတင်မကဘဲ ခန္ဓာကိုယ်အတွက်လည်း အကျိုးများစေပါတယ်။ စပျစ်သီးမှာ Anti-carcinogenic ဓာတ်တွေပါဝင်တာကြောင့် ကင်ဆာရောဂါကိုလည်းကာကွယ်ပေးနိုင်ပြီး ပင်ပန်းနွမ်းနယ်တာနဲ့ ကျောက်ကပ်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်

အနီရောင် စပျစ်သီးမှာ Antioxidants ဓာတ်တွေအများကြီးပါဝင်တာကြောင့် ကင်ဆာ ရောဂါဖြစ်စေတဲ့ Free Radicals တွေကို တိုက်ဖျက်ပေးပါတယ်။

နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ကာကွယ်

နှလုံးရောဂါကို ကာကွယ်ပေးမယ့် အစားအစာများ

စပျစ်သီးမှာ Anthocyanins၊ Tannins နဲ့ Flavonoids ဓာတ်တွေပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။

ဝမ်းချုပ်တာကို သက်သာစေ

အနီရောင် စပျစ်သီးမှာ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကို အားကောင်းစေပြီး ဝမ်းချုပ်တာသက်သာစေပါတယ်။ အဲ့ဒီအပြင် အရေပြားကျန်းမာရေးအတွက်လည်း အကျိုးရှိပါတယ်။

ရောဂါပိုးမွှားဝင်ရောက်မှုကို ကာကွယ်

အနီရောင် စပျစ်သီးမှာ ဘက်တီးရီးယားတွေ မဝင်အောင် ကာကွယ်ပေးနိုင်တဲ့ဓာတ်ပါဝင်ပြီး သွေးနဲ့ ကိုယ်တွင်းအင်္ဂါတွေကို သန့်စင်ပေးပါတယ်။

ဖောလစ်အက်ဆစ်

စပျစ်သီးအနီမှာ ဖောလစ်အက်ဆစ်တွေပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအတွက် အထူးသင့်တော်ပါတယ်။

ဆီးချိုရောဂါသည်အတွက် မသင့်တော်

စပျစ်သီးအနီမှာ သကြားဓာတ်ပါဝင်မှုများတာကြောင့် ဆီးချိုရောဂါသည်တွေအတွက် မသင့်တော်ပါ။

Featured Image Source: Organic Facts