သရက်သီးကတော့ အရသာရှိပြီး လူကြိုက်များတဲ့ သီးနှံတစ်မျိုးပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အာဟာရဓါတ်တွေ အများပြားပါဝင်ပါတယ်။

သရက်သီးရဲ့ အကျိုးကျေးဇူးများ

fresh-mango-1231904

ကင်ဆာ

သရက်သီးမှာ Quercetin, Isoquercitrin, Astragalin, Fisetin, Gallic Acid and Methylgallat စတဲ့ Antioxidant ပါဝင်ပြီး အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာနဲ့ ဆီးကြိတ်ကင်ဆာတွေကို ကုသပေးနိုင်ပါတယ်။

သွေးလည်ပတ်မှု

mango-tree

ဗီတာမင် C ၊ Pectin နဲ့ အမျှင်ဓါတ်တွေပါဝင်လို့ သွေးတွင်းကိုလက်စထရောပါဝင်မှု နည်းစေပါတယ်။ မကြာသေးမီက လေ့လာတွေ့ရှိမှုအရ ဆဲလ်တွေနဲ့ ခန္တာကိုယ်အတွင်း သွေးလည်ပတ်မှုတွေကို ပုံမှန်အတိုင်းထိန်းချုပ်ပေးနိုင်တဲ့ ပိုတက်ဆီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်တဲ့။ ဒါ့ကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ထိန်းချုပ်ပေးနိုင်ပြီး သွေးပေါင်ချိန်ကိုမှန်စေပါတယ်။

အလှအပ

သရက်သီးမှာ ဘယ်အသားအရေအမျိုးအစားနဲ့မဆိုသင့်တော်ပါတယ်။ သရက်သီးကို ပါးပါးလှီးလိုက်ပြီး မျက်နှာပေါ်မှာ ကပ်ထားပေးပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာသစ်ချလိုက်ပါ။ အသားအရေစိုပြေလာမှာဖြစ်ပါတယ်။ သရက်သီးမှာ အသားအရေ၊ ဆံသားနဲ့ လက်သည်းခြေသည်းတွေအတွက် အထူးကောင်းမွန်တဲ့Folic Acid ဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။

အမြင်အာရုံ

default-1464357482-2265-apps-that-can-improve-your-vision

သရက်သီးခွက်တစ်ခွက်စာကို နေ့တိုင်းစားပေးတာဟာ တစ်နေ့တာလုံးမှာလိုအပ်တဲ့ ဗီတာမင် A ၂၅ % ကိုပေးနိုင်ပါတယ်။ ဒါ့ကြောင့် အမြင်အာရုံကိုတိုးတက် ကောင်းမွန်စေပါတယ်။

အစာချေစနစ်

sinova-mango-1

သရက်သီးမှာ အစာချေစနစ်ကိုကောင်းမွန်စေတဲ့ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

အပူလိုင်းမိခြင်း (Heat Stroke)

heat-stroke

သရက်သီးအစိမ်းကို ဖျော်စက်ထဲထည့်ဖျော်ပြီး ရေနဲ့ သကြား (သို့) ချိုစေတဲ့အရာတစ်ခုခုထည့်ပြီး သောက်ပါ။ ဒါဟာ အပူချိန်လွန်ကဲတာမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ပူပြင်းလွန်းတာကြောင့် အပူလိုင်းမိပြီး လေဖြတ်တာမျိုး ဖြတ်သွားနိုင်သလို ဦးနှောက်သွေးကြောပြတ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ပူပြင်းတဲ့ရာသီဥတုမှာ သရက်သီးဖျော်ရည်သောက်ပေးသင့်ပါတယ်။