သာမန် ဖျော်နေကျ သံပုယိုရည်ထက် ကယ်လိုရီပိုနည်းတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သံပုယိုသီး ဖျော်ရည် ဖျော်စပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

lemonade3lemonade4

  • အုန်းသကြား ၁/၂ ခွက် (သို့) ပျားရည် တစ်ခွက်
  • သံပုယိုသီး အရည် (လတ်ဆတ်တဲ့သံပုယိုသီး ၆ လုံးကို အရည်ညှစ်ပါ)
  • ရေအေး ၄ ခွက်

ပြင်ဆင်ခြင်း

အိုးသေးတစ်လုံးထဲကို အုန်းသကြား (သို့) ပျားရည် (အထက်မှာဖော်ပြခဲ့တဲ့ပမာဏအတိုင်း ထည့်ပါ) နဲ့ ရေတစ်ခွက်ထည့်ပါ။

lemonade2

အဲဒီနောက် ဆူအောင်တည်ပြီး (တည်နေစဉ်မှာ မကြာခဏမွှေပေးပါ) ဆူလာရင် မီးဖိုပေါ်ကချပြီး အဲဒီအရည်ကို ဖန်ခွက်တစ်လုံးထဲထည့်ပါ။ အဲဒီနောက် သံပုယိသီးရည်နဲ့ ကျန်တဲ့ရေအေး ခွက် ၃ ခွက်ကိုထည့်ပါ။

ရေခဲသေတ္တာထဲကို ၂ နာရီကနေ ၃နာရီထိထားပေးပါ။ အဲဒီနောက် ရေခဲတုံးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

lemonade1

ပြင်ဆင်ချိန် = ၁၀ မိနစ်

ပြုလုပ်ချိန် = ၂ နာရီ ကျော်

စုစုပေါင်း   = ၂ နာရီ မိနစ် ၄၀ခန့်