အဆစ်အမြစ်ရောင်ပြီး နာကျင်ကိုက်ခဲရတဲ့ အကြောင်းအရင်းတစ်ခုက ခန္ဓာကိုယ်ထဲမှာ Uric Acid ဓာတ်တွေ များနေတာကြောင့်ဖြစ်ပါတယ်။

အဲ့ဒါကြောင့် သဘာဝအတိုင်း သီးနှံတွေနဲ့ ဖော်စပ်ထားတဲ့ ဖျော်ရည်ဟာ Uric Acid ကို လျော့ချပေးရုံသာမက ကျန်းမာအောင်လည်း ထောက်ပံ့ပေးပါတယ်။

how-to-remove-uric-acid-crystallization-in-joints-wp-fb

ပါဝင် ပစ္စည်းများ

  • သခွားသီး ၁လုံး
  • ဂျင်း ၂ လက်မ
  • Grapefruit ၁ လုံး
  • နာနတ်သီးတွေကို စိတ်ထားပြီး ခွက်၁လုံးထဲကို ထည့်ထားပါ
  • ရေ

juice_recipe

လုပ်ဆောင်ရမည့် နည်းလမ်း

အပေါ်တွင် ဖော်ပြထားတဲ့ ပစ္စည်းများကို ဖျော်စက်ထဲထည့်ပြီး ညက်ညက်ကြေတဲ့အထိ မွေလိုက်ပါ။

အဲ့ဒီ ဖျော်ရည်ကို နေ့တိုင်း ထမင်းမစားခင် သောက်သုံးပါ။

grapefruit21

အကျိုးကျေးဇူးများ

သခွားသီး

ဆီးရွှင်စေပြီး ကျောက်ကပ်မှာ ကျောက်တည်တဲ့ ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ Uric Acid ပါဝင်မှုနှုန်းကို လျော့ကျစေပြီး အဆစ်အမြစ်ရောင် ရောဂါ သို့ ဂေါက်ရောဂါ နဲ့ ပန်းနာရင်ကျပ် တို့ကို သက်သာပျောက်ကင်းစေပါတယ်။ အဆစ်တွေကြားထဲမှာ ရှိနေတဲ့ Uric Acid ကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ဂျင်း

ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပြီး အဆစ်အမြစ် ကိုက်ခဲတာတွေကိုလည်း လျော့ပါးအောင် ပြုလုပ်ပေးနိုင်ပါတယ်။

နာနတ်သီး

နာနတ်သီး ဖျော်ရည်တွေမှာ ပါဝင်တဲ့ Bromelain ဓာတ်က အဆစ်အမြစ်ကိုက်ခဲတာတွေကို သက်သာပျောက်ကင်းအောင် လုပ်ဆောင်နိုင်ပါတယ်။

Grapefruit

Grapefruit မှာ ဗီတာမင် C ပါဝင်ပြီး အဆစ်အမြစ်ကိုက်ခဲတာတွေကို သက်သာအောင်ပြုလုပ်ပေးနိုင်တဲ့ Ascorbic အက်စစ်ဓာတ်ပါဝင်ပါတယ်။