အသက် ၄ နှစ် နှင့် ၅ နှစ်အရွယ် ကလေးတွေဟာ တစ်နှစ်ကို ကိုယ်အလေးချိန် ၄ ပေါင် (သို့) ၅ ပေါင်တိုးလာပြီး အရပ်အမြင့်ကလည်း ၂ လက်မ (သို့) ၃ လက်မ ရှည်ထွက်လာပါတယ်။ အသက် ၄ နှစ်အရွယ်ကလေးတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန် ပေါင် ၄၀ ရှိသင့်ပြီး အရပ်ကတော့ ၃ ပေ ၄ လက်မ လောက်ရှိသင့်ပါတယ်။

ကလေးတွေက ခန္ဓာကိုယ်ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကြီးပြင်းကြပေမယ့်လည်း ကျန်းမာတဲ့ကလေးတစ်ယောက်က အစဉ်မပြတ်ကြီးထွားဖို့လိုအပ်ပါတယ်။ကလေးများ ကျန်းကျန်းမာမာကြီးထွားဖို့အတွက်မျှတတဲ့ အာဟာရကို ရရှိအောင် ထောက်ပံ့ပေးခြင်း ကောင်းမွန်စွာအိပ်စက်အနားယူစေခြင်းနဲ့ ကိုယ်လက်လှုပ်ရှားပြုလုပ်ပေးခြင်းတို့ ကို မိဘတစ်ယောက်အနေနဲ့ ဂရုစိုက်ပေးသင့်ပါတယ်။

ကလေးတွေ ကြီးထွားမှုရပ်တန့်သွားတဲ့အခါ မိဘတွေအနေနဲ့ စိုးရိမ်တတ်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ ဘာကြောင့် ကြီးထွားမှုရပ်တန့်သွားသလဲဆိုတာကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးအဖြေရှာသင့်ပါတယ်။ အရပ်ပုတဲ့မိဘက မွေးဖွားတဲ့ကလေးဟာ ပုံမှန်အတိုင်းပဲကြီးထွားပြီး လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်ရောက်တဲ့အခါမှာ မိဘတွေနဲ့တူညီတဲ့အရပ်ရောက်တဲ့အချိန်မှာ ရပ်တန့်သွားပါလိမ့်မယ်။

ဒုတိယအခြေအနေကတော့ ငယ်ရွယ်စဉ်မှာ ကြီးထွားမှုနှေးကွေးပြီး အရွယ်ရောက်လာမှ တဖြည်းဖြည်းကြီးထွားကာ လူငယ်တစ်ယောက်ရဲ့ပျမ်းမျှအရပ်ရရှိသွားတဲ့အခါမှာတော့ ကြီးထွားမှုရပ်တန့်သွားပါလိမ့်မယ်။ ဒါ့အပြင်ပြည့်စုံမျှတတဲ့ အာဟာရကို မရရှိခြင်းကြောင့် ကြီးထွားမှုရပ်တန့်ပြီး ကျန်းမာရေးပြဿနာများလည်း တွေ့ကြုံခံစားရနိုင်တာကြောင့် ဆရာဝန်နဲ့ ဆွေးနွေးပြသခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။

ဒါ့အပြင် PediaSure က သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို မြှင့်တင်စေရန် အထောက်အကူပြုပေးနိုင်တာကြောင့်  သင့်ကလေးရဲ့အစားအစာထဲမှာ PediaSure ကို ဖြည့်စွက်စာတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ PediaSure တွင် ပါဝင်သော ပရိုတင်း၊ ကယ်လ်စီယမ်နှင့် ဗီတာမင် ဒီ တို့က သင့်ကလေးရဲ့ အရိုးနဲ့ ကြွက်သားများ ဖွံ့ဖြိုးစေဖို့အထောက်အကူပြုပါတယ်။

PediaSure မှာ ကလေးတွေနေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ် (၃၇)မျိုး ပါဝင်ပြီး ကိုယ်ခံစွမ်းအားနှင့် ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ရန် သိပ္ပံနည်းကျ စီမံဖော်စပ်ထားတာကြောင့် ကလေးတွေရဲ့ အရပ်နဲ့ ကိုယ်အလေးချိန်ကို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးမှုကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ PediaSure သည် ပရိုတင်း၊ သတ္တုဓာတ်နှင့် ဗီတာမင်များအတွက် US စားသောက်မှုဆိုင်ရာ ညွှန်းဆိုမှုစံ နှုန်းကိုပြည့်မှီအောင် ပေးစွမ်းနိုင်သည့် အသက် ၃ နှစ်မှ ၁၀ နှစ် ကလေးငယ်များ သောက်သုံးနိုင်သော ဖော်စပ်ဖြည့်စွက်စာ ဖြစ်ပါတယ်။