ဆံပင်ဆိုတာ မြတ်နိုးတန်ဖိုးထားရတဲ့ အလှအပတစ်ခုပါပဲ။ အသက်အရွယ်ရလာလို့ ဆံပင်ဖြူတာ သဘာဝကျပါတယ်။ အသက်ကြီးပေမယ့် ဆံပင်သိပ်မဖြူတဲ့သူတွေကိုလည်း တွေ့ဖူးမြင်ဖူးကြမှာဖြစ်သလို အရွယ်မတိုင်ခင်မှာ ဆံပင်ဖြူတာတွေလည်း တွေ့ဖူးကြမှာပါ။

premature-gray-hair-among-men-causes-treatment-and-precautions-901

အရွယ်မတိုင်ခင် ဆံပင်ဖြူတာဟာ အလှအပဆိုင်ရာ ပြဿနာထက် ပိုမိုအရေးကြီးတယ်ဆိုတာ သိထားသင့်ပါတယ်။

ဆံပင်ဖြူတာဟာ အစားအသာက်ချို့တဲ့တာ (အဟာရပြည့်ပြည့်၀၀မစားတာ) ရဲ့ လက္ခဏာရပ်တစ်ခုဖြစ်သလို လာမဲ့အနာဂတ်မှာ ရောဂါဆိုးတွေဖြစ်လာနိုင်တယ်ဆိုတဲ့ အရိပ်အယောင်ပါပဲ။

ဆံပင်ဖြူတာကို နှေးကွေးစေမယ့်အပြင် အရွယ်မတိုင်ခင် ဆံပင်ဖြူတာကနေ ကာကွယ်ပေးမဲ့နည်းလမ်းကို ကြားဖူးကြရဲ့လား။

အဖိုးအခနည်းပေမဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝပစ္စည်းတွေ အစားအစာတွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာရှိနေပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

fresh-cut-fruit

အတုံးလိုက်လှီးထားတဲ့ အသီး ၁ ခွက် (ဥပမာ – ပန်းသီး၊ လိမ္မော်သီး ကြိုက်နှစ်သက်ရာထည့်နိုင်ပါသည်။)

honey

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း။

su-dung-nuoc-ep-co-lua-mi-lua-mach-thuong-xuyen-rat-tot-cho-suc-khoe

အသင့်သောက် Weatgrass (ဂျုံမြက်နု) ဖျော်ရည် ၃၀ မီလီလီတာ (Supermarket တွေမှာရနိုင်ပါတယ်)

water-bottle-11

ရေအနည်းငယ်

drinking-lemon-juice-for-acne

သံပုယိုရည် တစ်ခွက်

18

ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက် (Blender) ထဲထည့်ပြီး ဖျော်လိုက်ကာ တစ်နေ့ကို ၁ ခွက် (သို့) ၂ ခွက်သောက်ပါ။

ကိုယ်ဆံပင်ဖြူတဲ့ အပေါ်မူတည်ပြီး သောက်သုံးရမှာဖြစ်ပါတယ်။