လူဆိုတာ အမြဲနုပျိုချင်တာပါပဲနော်။ အရွယ်မတိုင်ခင်မှာ ဆံပင်ဖြူလာတာက တကယ်ကိုစိတ်ညစ်စရာကြီးပါ။ အဲဒီလို ဆံပင်ဖြူလာတာကို သဘာဝနည်းလမ်းနဲ့ အမြန်ဆုံး အလွယ်ဆုံး ဖြေရှင်းလို့ရပါတယ်။

ဆံပင်ဆိုးဆေးတွေမှာပါဝင်နေတဲ့ ဓါတုပစ္စည်းတွေဟာ ဆံသားတွေကို ဆိုးဆိုးရွားရွား ပျက်ဆီးစေနိုင်ပါတယ်။

လုံခြုံစိတ်ချရပြီး ထိရောက်မှုရှိတဲ့ အကောင်းဆုံးနည်းလမ်းကတော့ သဘာ၀ တရားပါပဲ။ ပထမဆုံး ဆံပင်ဖြူတာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ မပြောခင်မှာ ဘာလို့ ဆံပင်ဖြူရတာလဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။

premature-greying-of-hair

၁။ မျိုးရိုးဗီဇ

မိသားစုမျိုးရိုးမှာ အရွယ်မတိုင်ခင် ဆံပင်ဖြူလေ့ရှိတာကြောင့်ပါ။

genetic

၂။ စိတ်ဖိစီးမှု

လူတိုင်း အလုပ်ရဲ့ စိတ်ဖိစီးမှုကို ခံဖူးကြမှာပါနော်။ စိတ်ဖိစီးမှုနဲ့ အိပ်ရေးပျက်တာတွေကြောင့်လည်း ဆံပင်ဖြူနိုင်ပါတယ်။

office-stress

၃။ ဘဝနေထိုင်မှုပုံစံ (Lifestyle)

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွနဲ့ အိပ်ရေးပျက်တာတွေဟာ ဆံပင်ဖြူနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ခန္တာကိုယ်က လိုအပ်တဲ့ အဟာရတွေ မရလို့ပါပဲ။

၄။ အသက်အရွယ်ရလာခြင်း

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဆံပင်ဖြူနိုင်ပါတယ်။

aging

ဆံပင်ဖြူတာကို ဖြေရှင်းမယ်

အုန်းဆီကတော့ ဆံပင်ဖြူတာကို ဖြေရှင်းနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။ အုန်းဆီဟာ ဆံသားကို သန်မာစေပြီး အရှည်မြန်စေသလို ပိုပြီးတော့လည်း လှပစေပါတယ်။

coconut-oil-wooden-sppoon

ဆံပင်ဖြူတာတွေအတွက် အုန်းဆီ

အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ၃ဇွန်းလောက်ကို စက္ကန့် ၂၀ လောက်အပူပေးပါ။

အဲဒီအဆီကို ဆံပင်ရဲ့ အမြစ်တွေမှာ ညင်ညင်သာသာလိမ်းပေးပြီး လက်နဲ့ နှိပ်နှယ်ပေးပါ။

အဲဒီနောက် ဆံပင်ပေါက်တဲ့ Follicle တွေကို ဆီတွေ စိမ့်ဝင်သွားဖို့ ၁၀ မိနစ်လောက်ထားပါ။

ပြီးရင်တော့ ရေနွေးနဲ့ ခေါင်းလျှော်ပါ။ အဲဒီနောက် ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးသုံးပါ။

ကောင်းမွန်တဲ့ရလဒ်တွေ ရရှိလာမှာဖြစ်လို့ နေ့တိုင်းပြုလုပ်ပေးဖို့လိုပါတယ်။ အဲဒီလိုပုံမှန်လုပ်ပေးရင်တော့ ဆံပင်ဖြူတာ သက်သာပြီး ဆံသားတွေ ကျန်းမာသန်စွမ်းလာမှာဖြစ်ပါတယ်။