[Unicode]

မြန်မာနိုင်ငံမှာတော့ မျှစ်တွေကို ထမင်းစားရင် တို့စရာအဖြစ် စားသုံးကြသလို၊ မျှစ်ကြော်စတဲ့ မျှစ်ကို ဟင်းလျာအဖြစ်လည်း ချက်ပြုတ်စားကြပါတယ်။

တန်ဖိုးနည်းပေမယ့် ရရှိတဲ့အကျိုးကျေးဇူးကတော့ အရမ်းကိုများလှပါတယ်။

ကိုယ်အလေးချိန်ကို ကျဆင်းစေ

မျှစ်တွေမှာပါဝင်တဲ့ အမျှင်ဓာတ်တွေမှာ Prebiotic သတ္တိတွေပါဝင်တာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ဘက်တီးရီးယားတွေကို ထိန်းချုပ်ပေးပါတယ်။ ဇီဝကမ္မဖြစ်စဉ်မြန်ရင် ကိုယ်အလေးချိန် ကျလေဖြစ်ပါတယ်။

အမျှင်ဓာတ်တွေကလည်း ကိုယ်အလေးချိန်ကို ပိုပြီး ကျဆင်းစေပါတယ်။

ကင်ဆာ ရောဂါကို ကာကွယ်နိုင်

ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပြီး၊ ကိုယ်အလေးချိန်လျော့ချပေးမယ့် ထောပတ်သီး

မျှစ်တွေမှာပါဝင်တဲ့ ဓာတ်တွေမှာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးတဲ့ဓာတ်တွေလည်းပါဝင်နေပါတယ်။ အရောင်မဆိုးထားတဲ့ မျှစ်တွေတော့ စားဖို့ လိုတာပေါ့နော်။

အထူးသဖြင့် အစာအိမ်ဟောင်း နှင့်ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

နှလုံးကျန်းမာရေးကို မြှင့်တင်ပေး

နှလုံးရောဂါကို ကာကွယ်ပေးမယ့် အစားအစာများ

မျှစ်တွေမှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုများတာကြောင့် သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးကို ကျန်းမာစေပါတယ်။ မကောင်းတဲ့ကိုလက်စထရောတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။

သုတေသနရလဒ်တွေအရ မျှစ်တွေမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်က နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။

ဒဏ်ရာ အကျက်လွယ်

ရှေးခေတ်က ဝါးရွက်ကို ဒဏ်ရာမှာ အုံပြီး ဒဏ်ရာအကျက်လွယ်အောင် သုံးခဲ့ကြပါတယ်။ ဒါ့ကြောင့် ဝါးပင်၊ ဝါးရွက်တွေမှာ ဒဏ်ရာ အမြန်ကျက်စေတဲ့ဓာတ်တွေပါဝင်နေပါတယ်။

[Zawgyi]

ျမန္မာႏိုင္ငံမွာေတာ့ မွ်စ္ေတြကို ထမင္းစားရင္ တို႔စရာအျဖစ္ စားသံုးၾကသလို၊ မွ်စ္ေၾကာ္စတဲ့ မွ်စ္ကို ဟင္းလ်ာအျဖစ္လည္း ခ်က္ျပဳတ္စားၾကပါတယ္။

တန္ဖိုးနည္းေပမယ့္ ရရွိတဲ့အက်ိဳးေက်းဇူးကေတာ့ အရမ္းကိုမ်ားလွပါတယ္။

ကိုယ္အေလးခ်ိန္ကို က်ဆင္းေစ

မွ်စ္ေတြမွာပါဝင္တဲ့ အမွ်င္ဓာတ္ေတြမွာ Prebiotic သတၱိေတြပါဝင္တာေၾကာင့္ ဇီဝကမၼျဖစ္စဥ္ကို ျမွင့္တင္ေပးၿပီး ဘက္တီးရီးယားေတြကို ထိန္းခ်ဳပ္ေပးပါတယ္။ ဇီဝကမၼျဖစ္စဥ္ျမန္ရင္ ကိုယ္အေလးခ်ိန္ က်ေလျဖစ္ပါတယ္။

အမွ်င္ဓာတ္ေတြကလည္း ကိုယ္အေလးခ်ိန္ကို ပိုၿပီး က်ဆင္းေစပါတယ္။

ကင္ဆာ ေရာဂါကို ကာကြယ္ႏိုင္

ကင္ဆာေရာဂါျဖစ္ပြားမႈကို ကာကြယ္ေပးၿပီး၊ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ေပးမယ့္ ေထာပတ္သီး

မွ်စ္ေတြမွာပါဝင္တဲ့ ဓာတ္ေတြမွာ ကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ေပးတဲ့ဓာတ္ေတြလည္းပါဝင္ေနပါတယ္။ အေရာင္မဆိုးထားတဲ့ မွ်စ္ေတြေတာ့ စားဖို႔ လိုတာေပါ့ေနာ္။

အထူးသျဖင့္ အစာအိမ္ေဟာင္း ႏွင့္ပတ္သက္တဲ့ ေရာဂါေတြကို ကာကြယ္ေပးပါတယ္။

ႏွလံုးက်န္းမာေရးကို ျမွင့္တင္ေပး

ႏွလံုးေရာဂါကို ကာကြယ္ေပးမယ့္ အစားအစာမ်ား

မွ်စ္ေတြမွာ ပိုတက္ဆီယမ္ဓာတ္ပါဝင္မႈမ်ားတာေၾကာင့္ ေသြးဖိအားကို ထိန္းညွိေပးၿပီး ႏွလံုးကို က်န္းမာေစပါတယ္။ မေကာငး္တဲ့ကိုလက္စထေရာေတြကိုလည္း ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

သုေတသနရလဒ္ေတြအရ မွ်စ္ေတြမွာပါဝင္တဲ့ ပိုတက္ဆီယမ္ဓာတ္က ႏွလံုးခုန္ႏႈန္းကို ပံုမွန္ျဖစ္ေစပါတယ္။

ဒဏ္ရာ အက်က္လြယ္

ေရွးေခတ္က ဝါးရြက္ကို ဒဏ္ရာမွာ အံုၿပီး ဒဏ္ရာအက်က္လြယ္ေအာင္ သံုးခဲ့ၾကပါတယ္။ ဒါ့ေၾကာင့္ ဝါးပင္၊ ဝါးရြက္ေတြမွာ ဒဏ္ရာ အျမန္က်က္ေစတဲ့ဓာတ္ေတြပါဝင္ေနပါတယ္။