အုန်းရည်ရဲ့ အရသာက ပေါ့ပေါ့လေးနဲ့ သောက်လို့ကောင်းတဲ့အရသာမျိုးပါ။ အရသာရှိရုံသာမကဘဲ လူကို လန်းဆန်းစေသလို တခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေလည်းရှိပါတယ်။

အုန်းရည်သောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိပ္ပံနည်းကျ စမ်းသပ်ခဲ့ကြပါတယ်။

အာဟာရဓာတ်တွေ ပါဝင်မှုများပြား

အုန်းရည်မှာ ရေဓာတ်ပါဝင်မှု ၉၄ ရာခိုင်နှုန်းရှိပြီး အဆီဓာတ်လည်း အနည်းငယ်ဘဲ ရှိပါတယ်။ အုန်းရည် ၁ ခွက်စာမှာ-

အမျှင်ဓာတ်              ၃ ဂရမ်

ပရိုတင်းဓာတ်           ၂ ဂရမ်

ကစီဓာတ်                ၉ ဂရမ်

ဗီတာမင် စီ              ၁၀ ရာခိုင်နှုန်း (RDI ခန္ဓာကိုယ် တစ်နေ့တာလိုအပ်တဲ့အာဟာရ ပမာဏ)

မဂ္ဂနီဆီယမ်              RDI ရဲ့ ၁၅ ရာခိုင်နှုန်း

မဂ္ဂနီစ်                    RDI ရဲ့ ၁၇ ရာခိုင်နှုန်း

ပိုတက်ဆီယမ်           RDI ရဲ့ ၁၇ ရာခိုင်နှုန်း

ဆိုဒီယမ်                 RDI ရဲ့ ၁၁ ရာခိုင်နှုန်း

ကယ်ဆီယမ်            RDI ရဲ့ ၆ ရာခိုင်နှုန်း

Antioxidant ဓာတ်တွေပါဝင်

Free Radicals တွေကခန္ဓာကိုယ်ထဲက ဆဲလဲတွေကိုထိခိုက်စေနိုင်ပြီး ကင်ဆာတို့လို ရောဂါကြီးကြီးမားမားတွေဖြစ်နိုင်ပါတယ်။

Antioxidants တွေက ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

ဆီးချိုသမားတွေအတွက် အကျိုးရှိ

အုန်းရည်က သွေးအတွင်းသကြားဓာတ်ကို လျော့ချပေးပါတယ်။ ဆီးချိုရောဂါဖြစ်နေတဲ့ ကြွက်တွေကို အုန်းရည်နဲ့ စမ်းသပ်ကုသခဲ့ရာတခြား ဆီးချိုရောဂါဖြစ်နေတဲ့ ကြွက်တွေထက် သွေးအတွင်းသကြားဓာတ်ပိုလျော့ပြီး ကောင်းမွန်နေတာကိုတွေ့ရပါတယ်။

ကျောက်ကပ်ကျောက်တည်တာကို ကာကွယ်ပေး

ကျောက်ကပ်မှာရှိတဲ့ ကျောက်တွေက ကယ်ဆီယမ်၊ Oxalate နဲ့ တခြား ကွန်ပေါင်းတွေ ပေါင်းစပ်မှုကြောင့် ဆီးထဲမှာ ကျောက်တွေဖြစ်လာတာပါ။

အုန်းရည်က ကျောက်ကပ်မှာတွယ်ကပ်နေတဲ့ ကျောက်တွေကို ခြေဖျက်နိုင်စွမ်းရှိပါတယ်။

သွေးတိုးကျခြင်းနဲ့ နှလုံးကျန်းမာရေးအတွက်ကောင်းမွန်

သုတေသနအရ အုန်းရည် 240 ml မှာ ပိုတက်ဆီယမ် 600 mg ပါဝင်တာကြောင့် သွေးတိုးကိုကျစေပြီး သာမန် သွေးပေါင်ချိန်ကို ထိန်းထားပေးနိုင်ပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်ချက်အရ အုန်းဆီသောက်တဲ့ ကြွက်ဟာ သွေးထဲမှာကိုလက်စထရောဓာတ်တွေ လျော့ကျလာတာကို တွေ့ရပါတယ်။ အဲ့ဒီအပြင် အသည်းက အဆီတွေလည်း လျော့ကျလာပါတယ်။

ရေဓာတ်ခမ်းခြောက်မှုအတွက် တကယ့်ရင်းမြစ်

အုန်းရည်က လန်းဆန်းပြီး လူတွေကို အလွယ်တကူ ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။

Featured Image Source: Coconut water Australia