မုန်လာဥနီက တန်ဖိုးနည်းပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ ကိုယ်ခံအားမြှင့်တင်ပေးတယ်၊ ကင်ဆာရောဂါ ကာကွယ်ပေး၊ အသားအရေ လှပစေတယ်၊ အရိုးသန်မာစေတယ် စသည်ဖြင့် အများကြီးပါပဲ။

ဒါ့ကြောင့် အိမ်ပြန်လာရင် အမောပြေလေး မုန်လာဥနီကို ဖျော်သောက်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

မုန်လာဥနီ ၂ လုံး (အခွံခွာပြီး အသေးလေးတွေ တုံးထားပါ)

သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ရေခဲ အနည်းငယ်

ရေ ဖန် ခွက် ၂ ခွက်စာ

ပါးပါးလှီးထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သစ်ဂျပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ပုံ

ပြုလုပ်နည်း

အရည်သက်သက်၊ အဖတ်သက်သက် ထွက်တဲ့ ဖျော်စက်ကို သုံးပါ။

သစ်ဂျပိုးခေါက်ကလွဲပြီး ပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲထည့်ဖျော်လိုက်ပါ။ ပြီးရင် သစ်ဂျပိုးခေါက်ထပ်ထည့်ပါ။ အကယ်၍ ပျစ်နေရင် ရေထပ်ထည့်ပြီး သောက်လို့ရပါပြီနော်။