ဒီနေ့ခေတ်လို အစစအရာရာ ဖွံဖြိုးတိုးတက်နေတဲ့အချိန်မှာ အရာရာဟာ အရင်ကနဲ့ မတူတော့ဘဲ တဖြည်းဖြည်းပြောင်းလဲလာပါတယ်။ အဝတ်အစားဆို အဝတ်အစားအလျောက်၊ စီးပွားရေးတွေလည်း တက်လိုက်ကျလိုက်နဲ့ ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။ အစားအသောက်နဲ့ပတ်သက်လို့ပြောရရင်လည်း နိုင်ငံတကာက အစားအသောက်တွေဝင်ရောက်လာတာရယ်၊ ကိုယ်တွေနိုင်ငံက အဆီတွေ စားလွန်းတာရယ်ကြောင့် ခန္ဓာကိုယ်မှာ အဆီပိုတွေ၊ ဗိုက်ခေါက်တွေ ပေါ်လာရပြီပေါ့။ မိန်းကလေးဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် ပိန်ချင်နေကြတဲ့ခေတ်ကြီးမှာ ကိုယ်လည်းတစ်ယောက်အပါအဝင်ဖြစ်ချင်တာပေါ့ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖျော်ရည်လေးကို မပျက်မကွက်သောက်သုံးပေးလိုက်ပါ။ အဆီကျ ဗိုက်ချပ်စေရုံသာမက ရေဓာတ်ကိုလည်းဖြည့်တင်းပေးမှာဖြစ်လို့ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • လိမ္မော်သီး (အကွင်းလိုက်လှီးပြီးသား) – ၁ လုံး
  • သံပုရာသီး (အကွင်းလိုက်လှီးပြီးသား) – ၁ လုံး
  • လီမွန် (အကွင်းလိုက်လှီးပြီးသား) – ၁ လုံး
  • သခွားသီး (အကွင်းလိုက်လှီးပြီးသား) – တစ်ဝက်

Source: Blogilates

  • အခွံခွာပြီး ပါးပါးလှီးပြီးသား – ဂျင်း ၃ စိတ်
  • ပူစီနံ – ၂၅ ရွက်
  • ရေခဲ – ခွက်အသေးနဲ့ ၄ ခွက်လောက်
  • ရေခဲရေ

ပြင်ဆင်ပြုလုပ်ပုံ

၁။ အချိုရည်ထည့်တဲ့ ခွက်အကြီးကြီးတစ်ခုထဲကို ရေခဲတုံးတွေအရင်ထည့်လိုက်ပြီးတော့ ရေမှလွဲကာ ကျန်ပါဝင်ပစ္စည်းများထည့်လိုက်ပါ။

၂။ အားလုံးထည့်ပြီးသွားပြီဆိုရင်တော့ အပေါ်ကနေ ရေခဲရေအေးအေးလေးတွေလောင်းထည့်လိုက်ကာ အရသာအားလုံး ပေါင်းစပ်သွားဖို့အတွက် ၄၅ မိနစ်လောက် နှပ်ထားပေးလိုက်ပါ။

၃။ ပြီးရင်တော့ ခွက်တစ်ခွက်အပြည့် သောက်သုံးပေးနိုင်ပါပြီ။

Source: easylowcarb.com