[Unicode]

ပဲပိစပ်ပဲဟာ မြန်မာမှာတော့ ပဲငါးပိနဲ့ ပုန်းရည်ကြီး လုပ်တဲ့ ပဲတစ်မျိုးပါ။ ပဲပိစပ်မှာတင် မျိုးကွဲပေါင်း ထောင်ချီပြီး ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ နေရာဒေသ အလိုက် အခေါ်အဝေါ် အမျိုးမျိုး ခေါ်ကြပါသေးတယ်။ ပဲပုပ်ပဲ၊ ပဲငါးပိပဲ၊ ပဲပုပ်စေ့ အစရှိသဖြင့် ခေါ်ကြပြီး အများစုစားသုံးကြတဲ့ ပဲလည်း ဖြစ်ပါတယ်။

ပဲပိစပ်မှာ အာဟာရဓာတ် များစွာ ပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပဲတစ်မျိုးပဲ ဖြစ်ပါတယ်။ ပဲပိစပ်မှာ ပရိုတင်း ကြွယ်ဝပြီး အသားမှာပါဝင်တဲ့ ပရိုတင်းထက် ပိုတယ်လို့တောင် ပြောကြပါတယ်။ ပဲပိစပ်မှာ ပါတဲ့ Lecithin ကြောင့် အယ်ဇိုင်းမားဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မကောင်းတဲ့ အဆီတွေကို စုပ်ယူပြီး ကိုလက်စထရောကိုလည်း ကျစေပါတယ်။ နှလုံးသွေးကြောကျဉ်း ရောဂါကို ကာကွယ်ပေးပြီး ခွန်အားကို တိုးစေပါတယ်။ Antioxidant ဟာ ကင်ဆာဆဲလ်တွေကို မကြီးထွားစေဖို့ တားမြစ်ပေးပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာပါ။

ပဲပိစပ်ကို ကမ္ဘာအနှံ့အပြားမှာ မတူညီတဲ့ ပုံစံမျိုးတွေနဲ့ စားသုံးကြပါတယ်။ ပဲပိစပ်ကနေ ဆီထုတ်ထားတဲ့ ကျန်းမာရေးဆီဟာ လူနဲ့ တည့်တဲ့ ဆီတစ်မျိုးပါ။ မြန်မာနိုင်ငံမှာ အသုံးများတာကတော့ ကြာညှို့၊ ပဲငံပြာရည်၊ ပဲငါးပိ၊ ပဲပုပ်နဲ့ ပုန်းရည်ကြီးတို့ပဲ ဖြစ်ပါတယ်။ ပဲငံပြာရည်ဟာ ငါးငံပြာရည် အစားထိုးပြီး အသုံးပြုနိုင်ပါတယ်။ တရုတ်ဟင်းလျာတွေ ချက်ပြုတ်ရာမှာ အဓိကထား အသုံးများတဲ့ ကြာညှို့ကိုလည်း ပဲပိစပ်ကနေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သတ်သတ်လွတ်သမားတွေ အတွက် အဓိက သုံးတဲ့ ငံပြာရည်ကတော့ ပဲငံပြာရည်ပါ။

ပဲငံပြာရည်ကို ပဲပိစပ်၊ ဂျုံမှုန့်၊ ဆားနဲ့ ရေတို့ အဓိက သုံးပြီး ပြုလုပ်ထားတာပါ။ တစ်နှစ်နီးပါး ထားရပြီး ပဲငံပြာရည်လုပ်ရာမှာ ထွက်လာတဲ့ ပဲဖက်တွေကို ပဲပုပ်လုပ်လို့လည်းရပါတယ်။ ရှမ်းပဲပုပ်ကတော့ ပဲတွေကို နူးအောင်ပြုတ်ပြီး အချပ်လေးတွေ ဝိုင်းထားတာပါ။ ငါးပိအစားထိုး အနေနဲ့ ရှမ်းပြည်မှာ စားကြတာဖြစ်ပြီး အနံ့၊ အရသာ ပြည့်စုံတဲ့ အစားအစာ တစ်မျိုးလည်းဖြစ်ပါတယ်။ ဘာဟင်းပဲ ချက်ချက် ပဲပုပ်လေး ပါအောင် ချက်တတ်ကြတဲ့ အတွက် ခွန်အား ဖြစ်စေပြီး ရောဂါတွေကို ကာကွယ်ပေးထားနိုင်ပါတယ်။

Photo credit: varietytesting

[Zawgyi]

ပဲပိစပ္ပဲဟာ ျမန္မာမွာေတာ့ ပဲငါးပိနဲ႔ ပုန္းရည္ႀကီး လုပ္တဲ့ ပဲတစ္မ်ိဳးပါ။ ပဲပိစပ္မွာတင္ မ်ိဳးကြဲေပါင္း ေထာင္ခ်ီၿပီး ရွိပါတယ္။ ျမန္မာႏုိင္ငံမွာေတာ့ ေနရာေဒသ အလိုက္ အေခၚအေ၀ၚ အမ်ိဳးမ်ိဳး ေခၚၾကပါေသးတယ္။ ပဲပုပ္ပဲ၊ ပဲငါးပိပဲ၊ ပဲပုပ္ေစ့ အစရွိသျဖင့္ ေခၚၾကၿပီး အမ်ားစုစားသံုးၾကတဲ့ ပဲလည္း ျဖစ္ပါတယ္။

ပဲပိစပ္မွာ အာဟာရဓာတ္ မ်ားစြာ ပါ၀င္ၿပီး က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ ပဲတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ပဲပိစပ္မွာ ပရိုတင္း ၾကြယ္၀ၿပီး အသားမွာပါ၀င္တဲ့ ပရိုတင္းထက္ ပိုတယ္လို႔ေတာင္ ေျပာၾကပါတယ္။ ပဲပိစပ္မွာ ပါတဲ့ Lecithin ေၾကာင့္ အယ္ဇုိင္းမားျဖစ္ျခင္းကို ကာကြယ္ေပးႏုိင္ပါတယ္။ မေကာင္းတဲ့ အဆီေတြကို စုပ္ယူၿပီး ကိုလက္စထေရာကိုလည္း က်ေစပါတယ္။ ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါကုိ ကာကြယ္ေပးၿပီး ခြန္အားကို တုိးေစပါတယ္။ Antioxidant ဟာ ကင္ဆာဆဲလ္ေတြကို မႀကီးထြားေစဖို႔ တားျမစ္ေပးပါတယ္။ အထူးသျဖင့္ ရင္သားကင္ဆာပါ။

ပဲပိစပ္ကို ကမာၻအႏွံ႔အျပားမွာ မတူညီတဲ့ ပံုစံမ်ိဳးေတြနဲ႔ စားသံုးၾကပါတယ္။ ပဲပိစပ္ကေန ဆီထုတ္ထားတဲ့ က်န္းမာေရးဆီဟာ လူနဲ႔ တည့္တဲ့ ဆီတစ္မ်ိဳးပါ။ ျမန္မာႏုိင္ငံမွာ အသံုးမ်ားတာကေတာ့ ၾကာညွိဳ႕၊ ပဲငံျပာရည္၊ ပဲငါးပိ၊ ပဲပုပ္နဲ႔ ပုန္းရည္ႀကီးတို႔ပဲ ျဖစ္ပါတယ္။ ပဲငံျပာရည္ဟာ ငါးငံျပာရည္ အစားထိုးၿပီး အသံုးျပဳႏုိင္ပါတယ္။ တရုတ္ဟင္းလ်ာေတြ ခ်က္ျပဳတ္ရာမွာ အဓိကထား အသံုးမ်ားတဲ့ ၾကာညွိဳ႕ကိုလည္း ပဲပိစပ္ကေန ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ သတ္သတ္လြတ္သမားေတြ အတြက္ အဓိက သံုးတဲ့ ငံျပာရည္ကေတာ့ ပဲငံျပာရည္ပါ။

ပဲငံျပာရည္ကို ပဲပိစပ္၊ ဂ်ံဳမႈန္႔၊ ဆားနဲ႔ ေရတို႔ အဓိက သံုးၿပီး ျပဳလုပ္ထားတာပါ။ တစ္ႏွစ္နီးပါး ထားရၿပီး ပဲငံျပာရည္လုပ္ရာမွာ ထြက္လာတဲ့ ပဲဖက္ေတြကို ပဲပုပ္လုပ္လုိ႔လည္းရပါတယ္။ ရွမ္းပဲပုပ္ကေတာ့ ပဲေတြကို ႏူးေအာင္ျပဳတ္ၿပီး အခ်ပ္ေလးေတြ ၀ိုင္းထားတာပါ။ ငါးပိအစားထိုး အေနနဲ႔ ရွမ္းျပည္မွာ စားၾကတာျဖစ္ၿပီး အနံ႔၊ အရသာ ျပည့္စံုတဲ့ အစားအစာ တစ္မ်ိဳးလည္းျဖစ္ပါတယ္။ ဘာဟင္းပဲ ခ်က္ခ်က္ ပဲပုပ္ေလး ပါေအာင္ ခ်က္တတ္ၾကတဲ့ အတြက္ ခြန္အား ျဖစ္ေစၿပီး ေရာဂါေတြကို ကာကြယ္ေပးထားႏုိင္ပါတယ္။

Photo credit: varietytesting