အသုပ်စားတဲ့အခါပဲဖြစ်ဖြစ် တစ်ခုခုစားတဲ့အခါပဲဖြစ်ဖြစ် ချဉ်ချဉ်စပ်စပ်လေးနော်။ စပ်စပ်လေးလုပ်ပေး စသဖြင့်မှာတတ်လား။ ပူပူစပ်စပ်ဆို အရမ်းကြိုက်တဲ့သူတွေ စာဖတ်သူတွေထဲမှာ ရှိမယ်ထင်ပါတယ်။
ရှုးရှုးရှဲရှဲ ပူပူစပ်စပ် အစားအစာတွေကို ကြိုက်နှစ်သက်သူတွေ အတွက်တော့ သတင်းကောင်းတစ်ခုပါပဲ။ အစားအစာတွေမှာ ငရုတ်သီး ထည့်ချက်ပေးတာ ပူပူစပ်စပ် အစားအစာတွေက နှလုံးရောဂါကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ နှလုံးရောဂါဟာ အနောက်တိုင်းမှာ လူသေးဆုံးမှု အများဆုံးဖြစ်ရတဲ့ ရောဂါတွေထဲက တစ်မျိုးဖြစ်ပါတယ်။
ပူပူစပ်စပ် အစားအစာတွေဟာ မကောင်းတဲ့ ကိုလက်စထရော တွေကို လျှော့ကျစေပါတယ်။
တခြားအကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်
ကိုယ်အလေးချိန်ကို လျှော့ကျစေတယ်။
အူတွေကို သန့်စင်ပေးနိုင်တယ်။
ဆီးချိုဖြစ်ပွားမှုကို လျော့နည်းစေတယ်။ Antioxidant နဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်တယ်။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်တယ်။
သွေးဖိအားကျစေတယ်။ ကင်ဆာဖြစ်ပွားမှု လျော့နည်းစေတယ်။ အဆုတ်ရဲ့ လုပ်ဆောင်မှုကို အားကောင်းစေတယ်။ နှလုံးရောဂါဖြစ်ပွားမှု နည်းစေတယ်။ အသက်ရှည်စေတယ်။
တစ်ခုခုမှာစားတဲ့အခါ စပ်စပ်လေးလို့သာ မှာလိုက်ပါ။