ဆံနွယ်လေးတွေ မကြာခဏကျွတ်နေလို့ စိတ်ညစ်နေပါသလား။ မာလကာရွက်မှာ ဗီတာမင် B ကြွယ်ဝစွာ ပါဝင်ပြီး ဆံနွယ်လေးတွေကို သဘာဝကျကျ ပြန်လည်သန်မာလာစေဖို့ အသုံးပြုနိုင်တာကိုတော့ သင်သိချင်မှ သိပါလိမ့်မယ်။ မာလကာရွက်ကို အသုံးပြုပြီး ဆံပင်ကျွတ်တဲ့ ပြဿနာကို သဘာဝကျကျ ဖြေရှင်းနိုင်ဖို့ မျှဝေပေးသွားမှာပါ။

ဒီကနေ့ခေတ်မှာ ဆံပင်ကျွတ်တဲ့ ပြဿနာကို အမျိုးသား အမျိုးသမီး လူကြီး လူငယ်တွေရဲ့ကြားမှာ အဓိက ကြုံတွေ့နေရပါတယ်။

ဆံပင်ကျွတ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ Hair Treatment လုပ်တာ၊ ဆံပင်ကျွတ်တာကို ကာကွယ်ပေးတဲ့ ကုန်ပစ္စည်းတွေကို ငွေကုန်ကြေးကျခံဝယ်ယူ အသုံးပြုနေကြပါတယ်။ ကျွန်မတို့ ငွေကြေးကုန်ကျခံ သုံးစွဲနေတဲ့ ကုန်ပစ္စည်းတွေ၊ Hair Treatment တွေဟာ ရေရှည်အတွက် တကယ်ရော ထိရောက်မှုရှိပါသလား။ “Natural is the best” သဘာဝဟာ အကောင်းဆုံးဆိုတဲ့အတိုင်း သဘာဝနည်းလမ်းဟာ ကျွန်မတို့ ဝယ်ယူအသုံးပြုနေတဲ့ ကုန်ပစ္စည်းတွေထက် ပိုမို အထောက်အကူဖြစ်ပါတယ်။

မာလကာရွက်မှာ ဆံနွယ်တွေ ပိုမိုသန်မာစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗင်တာမင် B ကြွယ်ဝစွာပါဝင်တာကြောင့် မွှေးညှင်းပေါက်တွေဖြစ်တဲ့ Hair Follicle တွေ နဲ့ ဆံပင်ရဲ့ အမြစ်တွေကို ပိုမိုသန်မာစေပါတယ်။

freshguava

အသုံးပြုနည်း

၁။ သန်းရှင်းတဲ့ ရေ ၁ လီတာနဲ့ မာလကာရွက် လက်တစ်ဆုပ်စာကို အိုးတလုံးထဲထည့်ပါ။

၂။ အဲဒီနောက် အိုးကို အပူချိန် နွေးနွေးလေးနဲ့ ဆူပွက်အောင် မိနစ် ၂၀ ခန့် တည်ထားပါ။

၃။ ထို့နောက် မီးဖိုပေါ်မှချပြီး အအေးခံထားပါ။

၄။ ဆက်လက်ပြီး မာလကာရွက်တွေကို ဦးရေပြားပေါ် ပွတ်လိမ်းပေးပြီး နာရီပေါင်းများစွာထားပါ။

မှတ်ချက်။ ။ အကောင်းဆုံးကတော့ အိပ်ယာမဝင်ခင် လိမ်းပေးထားပြီး ဦးခေါင်းကို ရေချိုးခန်းသုံးခေါင်းစွပ်စွပ်ပြီး အိပ်ပါ။ မနက်ခင်းမှာ ခေါင်းလျှော်ပြီး ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Source: healthnfood