လောကတွင် နေ့စဉ်လှုပ်ရှားသွားလာနေကြသည့် သက်ရှိအားလုံးသည် အအေးမိခြင်းကို တိမ်းရှောင်နိုင်စွမ်းမရှိကြပါ။ အအေးမိဖျားနာခြင်းဖြစ်ချင်သည့်အခါ ပြတတ်သည့် လက္ခဏာများမှာ လည်ပင်းနာခြင်း၊ နှာစေးခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားအနည်းငယ်ရှိခြင်း နှင့် မကြာမကြာ ခေါင်းကိုက်တတ်ခြင်းတို့ပဲ ဖြစ်ပါသည်။

ထို့အပြင် ခန္ဓာကိုယ်သည် အားနည်းလာသည်နှင့်အမျှ ကိုယ်ခံအားကျဆင်းလာပြီး အလုပ်ပျက်၊ ကျောင်းပျက်ခြင်းနှင့် အခြားပြဿနာများလည်း ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့အတွက် အအေးမိဖျာနာခြင်းကြောင့် အလုပ်ပျက်၊ အစားပျက်အဖြစ်မခံရဘဲ ကြိုတင်ကာကွယ်ထားနိုင်စေရန်အတွက် အောက်ဖော်ပြပါ အစားအစာများကို ဝေမျှပေးလိုက်ရပါတယ်။

၁။ လက်ဖက်ရည်ကြမ်း

Green Tea

လက်ဖက်ရည်ကြမ်းတွင် အအေးမိခြင်းကို ကူညီတိုက်ထုတ်ပေးမည့် အစွမ်းသတ္တိများ ပြည့်ဝစွာပါဝင်ပါတယ်။ သည့်အပြင် လက်ဖက်ရည်ကြမ်းက ကိုယ်ခံစွမ်းအားကို အထူးမြှင့်တင်ပေးသည့်အတွက် သာမန်အအေးမိ ဖျားနာခြင်းကို ဖြစ်ပေါ်စေမည့် ဘတ်တီးရီးယားများပေါက်ဖွားမှုကို အဟန့်အတားဖြစ်စေမှာဖြစ်ပါတယ်။

၂။ ကြက်သွန်ဖြူ

Garlic

လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက တိုင်းရင်းဆေးဝါးတစ်ခုအဖြစ် အသုံးပြုလာကြသည့် ကြက်သွန်ဖြူသည် ဟင်းချက်ရာတွင်သာ အသုံးဝင်သည်မဟုတ်ဘဲ ဆေးဖြစ်ဝါးဖြစ်ကုသရာမှာလည်း အင်မတန်အသုံးဝင်လှပါတယ်။ ဘတ်တီးရီးယားပိုးမွှားများကို ချေဖျက်ပေးနိုင်သည့် အစွမ်းသတ္တိအမြောက်အမြားပါဝင်သည့်အတွက် သာမန်အအေးမိဖျားနာခြင်းကို ထိရောက်စွာ တိုက်ထုတ်ပေးနိုင်ပါတယ်။

၃။ လိမ္မော်သီး

Oranges

လိမ္မော်သီးများသည် ဗီတာမင်စီကြွယ်ဝသည့် အသီးအနှံတစ်ခုဖြစ်သည့်အတွက် သာမန်အအေးမိဖျားနာခြင်းအပါအဝင် အခြားကူးစက်ရောဂါများကိုပါ ပျောက်ကင်းစေပါတယ်။ လိမ္မော်သီးတွင်ပါဝင်သည့် ဗီတာမင်စီသည် ကိုယ်ခံအားဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်သလို ကူးစက်ရောဂါများကို တိုက်ထုတ်ပေးသည့် သွေးဖြူဥများ ဖြစ်ပေါ်မှုကိုလည်း ဖွံ့ဖြိုးတိုးတက်စေပါတယ်။

၄။ မှိုများ

Mushrooms

သာမန်အအေးမိဖျားနာခြင်းနှင့် အခြားရောဂါကူးစက်မှုများကို တိုက်ထုတ်ကာကွယ်ပေးနိုင်ရန် တရုတ်ရိုးရာဆေးဝါးများတွင် မှိုကိုမကြာခဏဆိုသလို ထည့်သွင်းအသုံးပြုတတ်ကြပါတယ်။ မှိုများတွင် ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးသည့် Polysaccharides၊ သာမန်အအေးမိဖျားနာခြင်းကို တိုက်ထုတ်ပေးမည့် အစွမ်းသတ္တိများ နှင့် အခြားမရှိမဖြစ်လိုအပ်သည့် အာဟာရဓာတ်များတို့ ကြွယ်ဝစွာပါဝင်ပါတယ်။

၅။ ကန်စွန်းဥ

sp

Beta-carotene ကြွယ်ဝစွာ ပါဝင်သည့် ကန်စွန်းဥသည် အအေးမိဖျားနာခြင်းကို ကာကွယ်ရာတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ကန်စွန်းဥကို စားသုံးလိုက်သည့်အခါ Beta-carotene သည် ကိုယ်ခံအားစနစ်ကို သန်မာစေရန် မရှိမဖြစ်လိုအပ်သည့် ဗီတာမင်အေအဖြစ်သို့ ကူးပြောင်းသွားပြီး ခန္ဓာကိုယ်ကို အချိုးအစားညီမျှစေပါတယ်။

၆။ ငရုပ်သီးအပွ (အနီရောင်)

red bell

စားလေ့စားထမရှိသည့် အသီးအနှံတစ်ခုဖြစ်သည့် အနီရောင်ငရုပ်သီးအပွတွင် ကျန်းမာသောကိုယ်ခန္ဓာနှင့် အားကောင်းသော ကိုယ်ခံအားကိုဖြစ်ပေါ်စေရန် အရေးတကြီးလိုအပ်သည့် အာဟာရဓာတ်များ၊ အစွမ်းသတ္တိများ အပြည့်အ၀ ပါဝင်ပါတယ်။ သည့်အပြင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည့် ဗီတာမင်စီပါဝင်သောကြောင့် အအေးမိဖျာနာခြင်းများမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။