စူပါမားကတ်တွေ ပေါ်လာပြီးတဲ့နောက် လူတွေ တော်တော်များများက စူပါမားကတ်မှာ ဝယ်ယူကြပါတယ်။ ကိုယ်လိုချင်တဲ့ပစ္စည်းအစုံအလင်ကို တစ်နေရာတည်းမှာ ရရှိနိုင်တာ၊ ပစ္စည်းတွေကို အေးဆေးရွေးချယ်ဝယ်ယူနိုင်တဲ့ အားသာချက်တွေကြောင့် ကုန်စုံဆိုင်တွေထက်စာရင် စူပါမားကတ်ကို ပိုရွေးချယ်ဖြစ်ကြပါတယ်။
ဈေးဝယ်ခြင်းတောင်းတွေ ကြီးလေလေ ပိုဝယ်ဖြစ်လေ
ဈေးကွက်သုတေသနပညာရှင် မာတင် လန်ဆန်က ဈေးဝယ်ခြင်းထောင်းတွေကို ၂ ဆကြီးလိုက်တဲ့အခါမှာ ဝယ်ယူသူတွေက ခါတိုင်းထက် ၁၉ ရာခိုင်နှုန်းပိုဝယ်ဖြစ်သွားတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
များများဝယ်လေ၊ များများ ကုန်လေ
အရင်က တစ်ပတ်ကို ဆိုဒါအချိုရည် ၆ ဗူးသာဝယ်ပေမယ့် Discount ရတော့ ၁၂ ဗူးဝယ်ဖြစ်သွားကြပါတယ်။ ဒါပေမယ့် အဲ့ဒီ အအေး ၁၂ ဗူးလုံးက ၂ ပတ်မခံဘဲ ၁ပတ်တည်းမှာတင် ကုန်သွားတတ်ပါတယ်။
ကိုယ်ယူလာတဲ့ ပစ္စည်း ၄ မျိုးဈေးနှုန်းလောက်ဘဲ မှတ်မိ
သာမန် ဈေးဝယ်သူတွေက ကိုယ့်ခြင်းထောင်းထဲမှာရှိတဲ့ ပစ္စည်း ၄ မျိုးလောက်ရဲ့ ဈေးနှုန်းလောက်ဘဲ အတိအကျမှတ်မိတတ်ပါတယ်။
ပိုက်ဆံမကုန်ချင်ရင် နားကြပ်တပ်ထားပါ
စူပါမားကတ်တော်တော်များများမှာ သံစဉ်၊ တီးလုံး အေးအေးလေးတွေကို ဘဲ ဖွင့်လေ့ရှိပြီး အဲ့ဒီသီချင်းတွေရဲ့ beat သံက နှလုံးခုန်နှုန်းထက် ပိုနှေးပါတယ်။ အဲ့ဒီ သံစဉ်အေးအေးလေးတွေကြောင့် စူပါမားကတ်ထဲမှာ အချိန်ကြာကြာပိုနေဖြစ်ပြီး ၂၉ ရာခိုင်နှုန်းပိုဝယ်ဖြစ်ပါတယ်။ ဒါကြောင့် ပိုက်ဆံမကုန်ချင်ရင် ဖုန်းနားကြပ်တပ်ပြီး beat မြန်တဲ့ သီးချင်းတွေ နားထောင်ပါ။
ကိုယ်ဝယ်နေကျပစ္စည်းတွေဘဲ ထပ်ခါထပ်ခါဝယ်ဖြစ်နေ
လူတွေက အများအားဖြင့် ဒီတစ်ပတ်သွားလဲ ဒီအစားအစာ၊ ပစ္စည်းတွေဘဲ ဝယ်ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ကိုယ်အရင်အပတ်က ရှင်းထားတဲ့ ဖြတ်ပိုင်းကို သိမ်းထားရင် ဈေးနှုန်းကွာဟမှုကို အလွယ်တကူသိနိုင်ပါတယ်။