အားကစားဘယ်လောက်ပဲလုပ်လုပ် ဝိတ်ကကျမလာဘူး၊ ဒီအတိုင်းက ဒီအတိုင်းပဲဖြစ်နေပြီလား ။ ဝိတ်ချတယ်ဆိုတာက အားကစားလှုပ်ရှားမှုက ခန္ဓာကိုယ်အတွက် ၃၀ % လောက်သာအရေးပါပြီး အစားအသောက်က ၇၀% လောက်အရေးကြီးပါတယ်။ ဒါကြောင့် ဝိတ်လျော့တယ်ဆိုတာကလည်း အစားကနေလျော့ကြရပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို အရင်ဖယ်ရှားပြီး ကျစ်ကျစ်လစ်လစ်ဖြစ်သွားအောင် အားကစားနဲ့ပြန်ထိန်းခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဝိတ်လျော့နေသူတစ်ယောက်ဆိုရင် Diet ကိုဘယ်လိုလုပ်မလဲ ဘယ်လိုမျိုးအစားအသောက်တွေက ခန္ဓာကိုယ်အတွက် ပိုပြီးအဆီပိုတွေလျော့ချပေးနိုင်မလဲဆိုတာသိဖို့တော့ လိုပါတယ်။

အစားအသောက်တွေ အသီးအနှံတွေအများကြီးအထဲကမှ ကန်းစွန်းဥကို ဘာလို့ပုံမှန်စားပေးသင့်တာလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ ကန်းစွန်းဥမှာ ပါဝင်တဲ့ ဗီတာမင်အေပါဝင်တဲ့အတွက် အားကစားလုပ်တဲ့ သူတွေအတွက်ဆို အရမ်းကိုကောင်းတဲ့ အစားအသောက်တစ်ခုဖြစ်ပါတယ်။ အမျှင်ဓါတ်ကြွယ်ဝတဲ့အတွက် ဗိုက်ထဲမှာ ပိုက်ကွန်နဲ့တူတဲ့ ဂျလဲတစ်မျိုးကိုဖြစ်စေတဲ့အတွက် ဗိုက်ပြည့်စေသလိုဖြစ်စေပြီး အစာစားချင်စိတ်ကို လျော့ချစေနိုင်ပါတယ်။ ကန်းစွန်းဥက အစာခြေစနစ်ကိုကောင်းမွန်စေတဲ့အတွက်  ဝမ်းသွားချင်စိတ်ကိုလည်း ဖြစ်စေပါတယ်။ ကာဗွန်ဟိုက်ဒြိတ်ကို အပြည့်အဝပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ကောင်းမွန်တဲ့စွမ်းအားလေးတွေကို ပေးစွမ်းနိုင်ပါတယ်။ ကာဗွန်ဟိုက်ဒြိတ်ပမာဏ လုံလုံလောက်လောက်မရှိပါက  တက်ကြွကြွမရှိတဲ့အပြင် အင်အားတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးမှုများတဲ့သူတွေအတွက်လည်း ပုံမှန်လေးစားပေးသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ် ပါဝင်မှုနည်းခြင်းကြောင့်လည်း ဆီးချိုသမားတွေအတွက်လည်း ကောင်းမွန်စေပါတယ်။ ကန်းစွန်ဥကို အခုလိုမျိုးရာသီဥတုလေးနဲ့ဆို ပိုပြီးလိုက်ဖက်ပါတယ်။   ကန်းစွန်းဥ မှာ Z zinc superoxide ပါဝင်တဲ့အတွက် ဝိတ်တက်စေနိုင်တဲ့ အဆီတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ကဝိတ်ချဖို့ Diet လုပ်နေတဲ့သူတစ်ယောက်ဆိုရင်တော့ ကန်စွန်းဥကို ဝိတ်မတက်စေဖို့ စားကိုစားပေးသင့်ပါတယ်နော်။

Photo Source – Free.pik