ကိုယ်အလေးချိန်လျှော့ချတာဟာ အလှအပတစ်ခုတည်းအတွက်မဟုတ်ပါဘူး။ Over Weight ကိုယ်အလေးချိန်များလွန်းတာ အဆီများလွန်းတာတွေဟာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

သဘာဝပါဝင်ပစ္စည်းလေးတွေနဲ့ ခန္ဓာကိုယ်အတွင်း သန့်စင်နေဖို့၊ အဆီတွေကို ဖယ်ရှားပေးဖို့ နဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ အသုံးပြုလိုက်ကြရအောင်ပါ။

ပါဝင်ပစ္စည်း

  • တရုတ်နံနံပင် အရိုး ၃ ချောင်း
  • သခွားသီး တစ်ခြမ်း
  • နာနတ်သီး ၂ စိတ်
  • ကွေကာအုတ်လုပ်တဲ့ အမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း (ထည့်ချင်မှထည့်ပါ)

ပြင်ဆင်ခြင်း

ပထမဆုံး ဟင်းသီးဟင်းရွက်တွေကို ရေနဲ့ သေချာဆေးကြောပါ။ နာနတ်သီး ၂ ဆိတ်ကို အခွံနွာပြီး ပါးပါးလှီးပေးပါ။ တရုတ်နံနံပင် အရိုး ၃ ချောင်းထည့်ပြီး သခွာသီးထည့်ပါ။

အဲဒီနောက် ဖျော်စက်ထဲကို အရွက်တွေနဲ့ ကွေကာအုတ်လုပ်တဲ့ အမှုန့်ကို ရောထည့်ပြီး သေချာအောင်မွှေပေးပါ။ အချိုကြိုက်တယ်ဆိုရင် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပေးပါ။

ဘယ်လိုသောက်မလဲ

အဲဒီဖျော်ရည်ကို မနက်ခင်း အစာမစားခင်သောက်သုံးရင်ပိုကောင်းပါတယ်။ တစ်ခုသတိထားရမှာက ဒီဖျော်ရည်သောက်ပြီး စားချင်တာ စားနေလို့တော့ မရပါဘူး။ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အသီးအရွက်တွေ များများစားပေးပြီး တစ်ပတ်ကို လေ့ကျင့်ခန်း ၂ ကြိမ် (သို့) ၃ ကြိမ်လောက်ပြုလုပ်ပေးသင့်ပါတယ်။