ဒီတခါတော့ ထူးထူးဆန်းဆန်းလေး လုပ်စားရအောင်။ ဟမ်ဘာဂါကို ခါတိုင်းလို ပေါင်မုန့်နဲ့ မဟုတ်ဘဲ ထမင်းနဲ့ လုပ်စားရအောင်။ အသားကိုတော့ ဆယ်မွန်ငါးသုံးပါမယ်။
ပါဝင်ပစ္စည်းများ (၂ခုစာ)
ဆယ်မွန်ငါး ၂၀၀ ဂရမ်
ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ဆန်အရက် (Mirin) လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆာကေး လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရှမ်းဆန် ချက်ပြီးသား ၁ခွက်ခွဲ ၃၀၀ ဂရမ်
နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ဆလပ်ရွက်
မိုင်ယိုနီးစ် (Mayonnaise)
ပြုလုပ်နည်း
ပဲငံပြာရည်၊ ဆန်အရက်၊ ဆာကေး၊ သကြား တို့ကို ခွက်တစ်လုံးထဲထည့်ပြီး မွှေပါ။ ဆယ်မွန်ငါး ကိုထည့်ပြီး ၁၅ မိနစ်လောက်နှပ်ထားပါ။
ဒယ်အိုးကို အလယ်အလတ်လောက် မီးနဲ့ပူအောင်ပေးထားပါ။ ဒယ်အိုးပေါ်ကို ဆီဆိုရုံလောက်ပဲ ထည့်ပါ။ ခုနက နှပ်ထားတဲ့ ဆယ်မွန်ငါးကိုထည့်ပါ။ ၂ဖက်လုံးကို ကျက်အောင် လိမ့်ပေးပါ။ ၃ မိနစ်လောက်ပါပဲ။
ဆယ်မွန်ငါးနှပ်ထားတဲ့ ကျန်တဲ့အနှစ်တွေကိုပါ ဆယ်မွန်ငါးပေါ် လောင်းချပြီး ကြော်ပေးပါ။
ထမင်းကို အပြားလေးတွေဖြစ်အောင် ပလပ်စတစ် အိတ်ထဲထည့်ပြီး၊ မှိုခွက်ထဲထည့်ပြီး ရိုက်ပေးပါ။ ဒါမှမဟုတ်လည်း ကိုယ့်ဘာသာ လက်နဲ့ ဟမ်ဘာဂါပေါင်မုန့်လိုမျိုး ဖြစ်အောင် လုပ်ပေးပါ။
Photo Credit: tastyfood.com
ပြီးရင် အဲ့ဒီ ထမင်းကို ဒယ်အိုးထဲမှာ နှမ်းဆီနဲ့ ၅ မိနစ်လောက်ကြော်ပေးပါ။ အပေါ်ယံထမင်းအသားလေး ကြွပ်အောင်ကြော်ပေးပါ။
Photo Credit: tastyfood.com
ဒါဆိုရင် အဲ့ဒီ ထမင်းအပေါ်မှာ ဆလပ်ရွက်တင်၊ ဆယ်မွန်ငါးတင်၊ Mayonnaise တင် ပြီး တခြား ထမင်း နဲ့အုပ်လိုက်ပါ။
Photo Credit: tastyfood.com
ဆော့လုပ်ဖို့အတွက်
ပဲငံပြာရည်၊ ဆန်အရက်၊ ဆာကေး၊ သကြား တို့ကို ခွက်တစ်လုံးထဲမှာ နယ်လိုက်ပါ။







