အုန်းရည်ဆိုတာနဲ့ ကမ်းခြေကို ပြေးမြင်မိကြမှာပါ။  သဘာဝအချိုရည် တစ်မျိုးဖြစ်တဲ့ အုန်းရည်မှာ အံ့သြဖွယ်  အစွမ်းသတ္တိတွေရှိနေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအတွက် အုန်းရည်ရဲ့ အကျိုးကျေးဇူးလေးတွေ ကြည့်လိုက်ရအောင်။

အုန်းရည်မှာ

Calories – 46%
Sodium – 252 g
Potassium – 600 g
Carbohydrates – 8.9 mg
Dietary Fiber – 2.6 mg
Sugar – 6.26 mg
Calcium – 6% ပါဝင်ပါတယ်။

coconut-water-in-coconut-straw

ကိုယ်ဝန်ဆောင်သည်တွေ အုန်းရည်သောက်ရင် ရရှိမယ့် အကျိုးကျေးဇူးတွေက

  •  ကျောက်ကပ်အား ကောင်းစေပြီး ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။
  •  ခန္ဓာကိုယ်ရဲ့ ရေဓာတ်နဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
  • နာမကျန်းဖြစ်ခြင်းနဲ့ အော့အန်ခြင်းကိုလည်း သက်သာစေပါတယ်။
  •  ရင်ပူခြင်း အစာမကြေခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ကို တားဆီးပေးပါတယ်။
  •  ကိုယ်ခံအားတိုးမြင့်စေပြီး ရောဂါဝင်ရောက်မှုကို လျှော့ချပေးနိုင်ပါတယ်။
  •  အဝမလွန်စေဖို့ အုန်းရည်က ကူညီပေးပါတယ်။
  •  ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းနှင့် ယောဂကျင့်စဉ်များအပြီးတွင် အားဖြည့်အချိုရည်အဖြစ် သောက်သုံးပေးနိုင်ပါတယ်။
  • သကြားပါဝင်မှုနည်းလို့ ဆီးချိုလည်း ကျစေပါတယ်။
  • သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ (အုန်းရည်သောက်ခြင်းဟာ သန္ဓေခိုင်စေတယ်လို့လည်း ရှေးလူကြီးတွေ ဆိုပါတယ်)
  •  အုန်းရည်သောက်ခြင်းကြောင့် ရေမြွှာအိတ်ထဲက ရေမြွှာရည်ပမာဏ တိုးစေပါတယ်။
  •  မိခင်က အုန်းရည်သောက်လျှင် ကလေးငယ်ရဲ့ ဆံပင်သားကို ကောင်းမွန်စေပါတယ။်
  • ကလေးရဲ့ အသားအရေနဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
  •  မွေးဖွားပြီးချိန်တွင် အုန်းရည်သောက်သုံးပါက မိခင်နို့ထွက်အားကောင်းစေပါတယ်။
  • သွေးလှည့်ပတ်မှုကို ထိန်းညှိပေးပြီး ညဘက်ကိုလည်း ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

ကိုယ်ဝန်ဆောင် မိခင်လောင်းများအတွက် အုန်းရည်သောက်ခြင်းကြောင့် ရရှိမယ့် ဘေးထွက်ဆိုးကျိုးတွေကတော့ တိကျတဲ့ သက်သေပြချက်တွေမရှိသေးပါဘူး။ အဲ့ဒါကြောင့် အုန်းရည်ကို မိခင်လောင်းများ စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။

တစ်နေ့လျှင် အုန်းရည် တစ်ဖန်ခွက် သောက်သုံးနိုင်ပြီး လတ်ဆတ်သန့်ရှင်းသော အုန်းရည်ကို သောက်လျှင် ပို၍ ကောင်းပါတယ်။အခြားသော လိုအပ်တဲ့ အစာအာဟာရများ ဆေးဝါးများအပြင် သဘာဝဓာတ်စာဖြစ်တဲ့ အုန်းရည်ကို သောက်သုံးပေးခြင်းဖြင့် မိခင်ရော ကလေးပါ ကျန်းမာစေပါလိမ့်မယ်ရှင့်။