အခုဆိုရင် Day Return Trip လေးတွေ ကိုယ့်ဘာသာ ကားမောင်းပြီး သွားနေကြတာများပါတယ်။ ကိုယ်သွားချင်တဲ့နေရာလေးကို ကားလေးမောင်းသွား ဟိုမှာ Picnic လေးထွက်ပြီး ပြန်လာ…

ဒါဆိုရင် Picnic ထွက်ရင် ယူသွားသင့်တဲ့ အစားအစာတွေကို ဝေမျှပေးချင်ပါတယ်။

စာရေးသူကတော့ ထမင်းနဲ့ ဟင်းထက် စာရင် မုန့်ပဲ သွားရေဆာလေးတွေ ပိုစားဖြစ်တာကြောင့် မုန်ပဲသွားရေဆာလေးတွေယူသွားဖြစ်တာများပါတယ်။

ရေသန့်

သင်မသိသေးတဲ့ ရေသန့်ဗူးသောက်ရာမှာ သတိထားသင့်တဲ့ အချက်များ

ရေကတော့ ဘယ်သွားသွားအဓိက လိုအပ်ပါတယ်။ ကိုယ်သွားတဲ့နေရာက အလွယ်တကူ ရေသန့်ဝယ်လို့ရရင်တော့ ဝယ်သွားစရာမလိုပေမယ့် လိုရမယ်ရ ရေသန့် ၁ ကဒ်လောက်တော့ ယူသွားသင့်တယ်နော်။

သောက်စရာများ

ရေခဲပုံးကြီးတွေထဲမှာ သောက်စရာ Juice လေးတွေ၊ Soda လေးတွေ၊ တခြား ကိုယ်ကြိုက်တဲ့ သောက်စရာတွေဖြစ်တဲ့ ဘီယာ တို့လို သောက်စရာတွေ သေချာယူသွားဖို့ မမေ့နဲ့နော်။ နောက်တစ်ခု အရေးကြီးတာက ရေခဲပုံး နောက်တစ်ပုံးနဲ့ ရေခဲတွေ ထည့်ထားဖို့ပါဘဲ။ အဓိက Picnic သွားရင် ပြတ်လပ်သွားတတ်တာက ရေခဲတွေဘဲ မို့လို့ပါ။

Sandwich သို့ ကိုရီးယား ထမင်းလိပ်

Sandwich တို့ ကိုရီးယား ထမင်းလိပ်တို့က ဗူးလေးဖွင့်ပြီး စားရုံဘဲဆိုတော့ စားတဲ့အချိန်မှာလည်း အလုပ်မရှုပ်ပါဘူး။ သူငယ်ချင်းတွေနဲ့ ဟေးလား ပျော်မြူးပြီးတော့လည်း အလွယ်တကူ စားလို့ရတဲ့ အစားအစာမျိုးပါ။

ကြက်သားကြော်

ကြက်သားကြော်လေးကတည်း အလွယ်တကူ စားလို့ရတာကြောင့် ယူသွားသင့်တဲ့ အစားအစာမျိုးပါ။ ဘီယာလေးနဲ့ မြည်းချင်သူတွေအတွက်လည်း အကိုက်ဘဲနော်။

အသီးအနှံများ

ကိုယ်ကြိုက်တဲ့ အသီးအနှံတွေကို တခါတည်း အိတ်လေးတွေ ၊ ဗူးလေးတွေထဲထည့်ပြီး ရေခဲ ပုံးထဲထည့်ထားလိုက်ပါ။ ဒါဆိုရင် အသီးအနှံအေးအေးလေးတွေလည်း စားလို့ရသွားပါတယ်။