သုတေသနပြုချက်တွေအရ အပျိုဖော်ဝင်စအမျိုးသမီး (သို့) အမျိုးသမီး ၉၀ % ဟာ Cellulite လို့ခေါ်တဲ့ အသားအရေ ပျော့တွဲတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်လို့ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်တာမလုပ်တာ ပိန်တာ ဝတာတွေနဲ့ မဆိုင်ပါဘူး။ ဒါ့အပြင် အဲဒီလိုဖြစ်တာကို ကုသဖို့လည်း အနည်းငယ်ခက်ခဲပါတယ်။ တစ်ချို့ကလည်း လိမ္မော်ခွံနဲ့ အရေပြားပေါ် နှိပ်နှယ်ပေးတာ (Message) ၊ အဟာရပြည့်ဝတဲ့ အစားအစားစာတာ၊ အားကစားလုပ်တာတွေနဲ့ ကုသကြပါတယ်။

အဲဒီလို အရေပြားတွဲကျတာ Cellulite ကို ကုသနိုင်ဖို့ သဘာဝနည်းလမ်းနဲ့ အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းကို ပြောပြပေးပါ့မယ်။

a317

Cellulite ပျောက်ကင်းစေတဲ့ ခရမ် (ကော်ဖီနဲ့ အုန်းဆီ)

Cellulite ပျောက်ကင်းစေတဲ့ ကုထုံးတွေထဲမှာ ကော်ဖီက ပါဝင်နေပါတယ်။ ဘာလို့လဲဆိုတော့ ကော်ဖီမှာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ အပြင် အသားအရေချောမွတ်စေရုံသာမက အဆီရဲ့ ဇီဝဖြစ်စဉ်ကို တိုးမြှင့်စေတဲ့ သဘာ၀ ကွန်ပေါင်းဓါတ်တွေ ပါဝင်နေလို့ပါပဲ။

coconut-oil-for-hair-loss

ပါဝင်ပစ္စည်း

ကော်ဖီအကြမ်းမှုန့် ခွက်ရဲ့ ၄ ချိုး ၁ ချိုး

အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်း

သကြားခဲ စားပွဲတင်ဇွန်း ၃ ဇွန်း

 

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို သေချာရောမွှေလိုက်ပါ။ အဲဒီအရည်ကို အသားအရေပျော့တွဲနေတဲ့ နေရာမှာ ပွတ်လိမ်းပေးပါ။

အဲဒီနောက် ပလတ်စတစ်နဲ့ အုပ်ပေးထားပြီး မိနစ် ၃၀ လောက်ထားပါ။

ပြီးရင် ရေဆေးချပြီး Moisturizer Lotion လိမ်းပေးပါ။

Spoon the ground coffee, against the grain.

Spoon the ground coffee, against the grain.

ရေညှိ

သဘာ၀ Cellulite တွေပျောက်တဲ့ခရင်မ်ကိုပြုလုပ်ဖို့ အောက်မှာ ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေလိုအပ်မှာဖြစ်ပါတယ်။

ပင်လယ်ရေညှိ (သို့) ရေညှိမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း

သံလွင်ဆီ ၁/၄ ခွက်

ပင်လယ်ဆား ၁/၄ ခွက်

Essential Oil အနည်းငယ် (ထည့်ချင်မှထည့်ပါ)

the-wonders-of-spirulina

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောလိုက်ပါ။

အဲဒီနောက် Cellulite ဖြစ်နေတဲ့ နေရာမှာ ညင်ညင်သာသာပွတ်လိမ်းပေးပြီး ၂ မိနစ်လောက်ထားပါ။

ပြီးရင် ရေနဲ့ ဆေးချပြီး Moisturizer ပါတဲ့ Lotion လိမ်းပါ။

ကော်ဖီနဲ့ Essential Oil

အကောင်းဆုံးကတော့ Essential Oil ဆိုရာမှာ လိမ္မော်သီး၊ ဂရိတ်ဖရု စတာတွေကနေ ထုတ်ယူထားတဲ့အဆီကို သုံးပါ။ ရှာမရရင်လည်း မိမိကြိုက်နှစ်သက်တဲ့Essential Oil ကို ရွေးချယ်နိုင်ပါတယ်။

Essential Oil အနည်းငယ်နဲ့ ကော်ဖီမှုန့်ကြမ်းအနည်းငယ်ကို ရောပေးပါ။ အဲဒီနောက် Cellulite ဖြစ်နေတဲ့ နေရာမှာ လိမ်းပေးပြီး စက္ကန့်အနည်းငယ်လောက် နှိပ်နှယ်ပေးပါ။

ပြီးရင် ပလတ်စတစ်အကြည်နဲ့ အုပ်ပေးပြီး တစ်နာရီခွဲလောက်ထားကာ ရေနဲ့ဆေးချပါ။