အပူချိန်က ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ အထူးသဖြင့် ဗီတာမင်စီ၊ Folate နဲ့ ပိုတက်ဆီယမ်ဓာတ်တွေရဲ့၁၅ ကနေ ၂၀ ရာခိုင်နှုန်းလောက် ဖျက်ဆီးပစ်ပါတယ်။

ဒါပေမယ့် မုန်လာဥနီ၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီးတို့လို ဟင်းသီးဟင်းရွက်တွေကလည်း အပူချိန်နဲ့ထိတွေ့လိုက်တော့မှ Antioxidants ဓာတ်တွေက ပိုထွက်လာပြီး ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပါတယ်။

ရေလုံပြုတ်

pan-1972423_1280

ရေလုံပြုတ်အတွက် ရေနဲ့ ဆားအနည်းငယ်ဘဲလိုအပ်ပါတယ်။ အပူချိန်ပြင်းပြင်းနဲ့ ရေတွေအများကြီးထည့်ပြီး ပြုတ်ရင် အသားတွေ၊ အသီးအရွက်တွေမှာ ရှိတဲ့ ဗီတာမင် ဓာတ်တွေနဲ့တခြား အာဟာရဓာတ် ၆၀ ကနေ ၇၀ ရာခိုင်နှုန်းလောက်က ရေထဲကိုရောက်သွားပါတယ်။

ဒါပေမယ့် မုန်လာဥနီတွေနဲ့ ပန်းဂေါ်ဖီတွေပါ ထည့်ပြုတ်ရင် ရေထဲက အာဟာရဓာတ်တွေက အဲ့ဒီ ဟင်းသီဟင်းရွက်တွေထဲကို ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။

မုန်လာဥနီ၊ ပန်းဂေါ်ဖီလို ဟင်းသီးဟင်းရွက်တွေဆိုရင် ကြော်စားတာထက် ပြုတ်စားတာက ပိုပြီး အာဟာရဓာတ် ရရှိမှာဖြစ်ပါတယ်။

ပေါင်း

Diet Bamboo Chinese Steamer Steamed Chinese Style

ဟင်းသီးဟင်းရွက်အစိမ်းတွေနဲ့ ငါးတွေကို ပေါင်းပြီး ချက်တာကောင်းပါတယ်။ ဟင်းသီးဟင်းရွက်အစိမ်းတွေနဲ့ငါးတွေမှာ ကိုယ်ပိုင် အာဟာရတွေ၊ အနှစ်တွေပါဝင်တဲ့အပြင် သူတို့မှာ ကင်ဆာရောဂါကို ကာကွယ်ပေးတဲ့ Glucosinolates တွေပါဝင်ပါတယ်။ ပေါင်းပြီး ချက်တဲ့နည်းက အဲ့ဒီ Glucosinolates ဓာတ်ကို မပျက်စီးစေပါဘူး။

အဲ့ဒီ Glucosinolates တွေစုပေါင်းပြီး Isothiocyanates ကွန်ပေါင်းဖြစ်သွားကာ ကင်ဆာ ဆဲလ်တွေ ကြီးထွားမှုကို အဲ့ဒီ ကွန်ပေါင်းက တားဆီးပေးပါတယ်။

fish-2105233_1280

မီးအေးအေးနဲ့ ရေနည်းနည်းနဲ့ပြုတ်တာကို အင်္ဂလိပ်လိုဆို Poaching လို့ခေါ်ပါတယ်။ အိုးထဲမှာ ရေနည်းနည်းဘဲ ထည့်ပြီး မီးအေးအေးလေးနဲ့ အချိန်ကြာကြာပြုတ်တာပါ။ ငါး၊ ကြက်ဥနဲ့ အသီးအနှံတွေ ကို ဒီအတိုင်းချက်ပြုတ်သင့်ပါတယ်။

မီးကို တိုက်ရိုက်ထိပြီး ချက်ခြင်း

pexels-photo-273811

Broiling လို့ခေါ်တဲ့ ချက်နည်းကို အချိန်တိုအတွင်းမှာ မီးကို တိုက်ရိုက်ထိပြီး ချက်တာကို ဆိုလိုတာပါ။ အထူးသဖြင့် အသားတွေကို ချက်တဲ့နေရာမှာ သုံးပါတယ်။ ဒါပေမယ့် ဟင်းသီးဟင်းရွက်တွေဆိုရင် မီးနဲ့ တိုက်ရိုက်ထိရတာကြောင့် အလွယ်တကူ ခြောက်သွေ့သွားနိုင်တာကြောင့် မချက်သင့်ပါဘူး။

ကင်

grill-2393814_1920

ကင်တဲ့ အစားအစာတွေက အရသာကို မထိခိုက်စေဘဲ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ကင်တဲ့အခါမှာ အဆီအနည်းငယ်ဘဲ သုတ်လိမ်းဖို့လိုအပ်ပါတယ်။

ဒီလို အာဟာရဓာတ်တွေ မပျက်ပျယ်စေပေမယ့်လည်း ခဏခဏတော့ ကင်မစားသင့်ပါဘူး။ အပူချိန်ပြင်းပြင်းနဲ့ကင်ရင် အသားထဲမှာရှိတဲ့ အဆီဓာတ်နဲ့ ပရိုတင်းဓာတ်တွေမှာ ဓာတု ပြောင်းလဲမှုတွေဖြစ်စေပြီး ထွက်လာတဲ့ဓာတ်တွေက ခန္ဓာကိုယ်ထဲက Antioxidants တွေကို ကပြောင်းကပြန်ဖြစ်စေကာ ရောင်ရမ်းတာတွေ၊ ကင်ဆာဆဲလ်တွေ၊ ဆီးချို နဲ့ နှလုံးရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။

ကြော်

ကြော်တဲ့နေရာမှာလည်း ဆီလေးကို အိုးကပ်ရုံလောက်၊ အနေတော်လောက်သာ ထည့်ပြီး ကြော်သင့်ပါတယ်။ ကြော်တဲ့ချက်နည်းက အသားတွေ၊ ဆန်တို့လို ကောက်ပဲသီးနှံတွေနဲ့ အတုံးသေးသေးလေးတွေ လှီးထားတဲ့ ငရုတ်ပွသီးတို့၊ မုန်လာဥနီတို့ ၊ ပဲအမျိုးမျိုးတို့ ကိုသာကြော်သင့်ပါတယ်။

အစိမ်းလိုက်စားခြင်း

3

ဟင်းသီးဟင်းရွက်တွေကို မချက်ပြုတ်ဘဲ စားသုံးတာက အကောင်းဆုံးပါဘဲ။ ဒါမှ သူတို့ဆီမှာရှိတဲ့ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်တွေ နဲ့ အမျှင်ဓာတ်တွေကို အပြည့်အဝရရှိမှာဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်တွေကို လိုက်ဖက်အောင် သုတ်ပြီးစားသုံးပေးရင် ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

ဒါပေမယ့် ခရမ်းချဉ်သီးမှာပါဝင်တဲ့ Lycopene ဓာတ်၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ကန်စွန်းဥ နဲ့ငရုတ်ပွတို့မှာပါဝင်တဲ့ Antioxidants ဓာတ်တွေကတော့ ဟင်းချက်လိုက်မှ၊ အပူနဲ့ထိမှ ပေါက်ကွဲပြီး ပိုထွက်လာတာပါ။