ဖိနပ်အသစ်စီးတဲ့အခါမှာဖြစ်ဖြစ် ဖိနပ်ကြိုးကျပ်တဲ့အခါမှာဖြစ်ဖြစ် ခြေဖမိုးကို အနာ၊ အရာတွေဖြစ်စေပါတယ်။ နာတာမှလည်း တစ်ခါတစ်လေ လမ်းမလျှောက်ချင်လောက်အောင်ဖြစ်တတ်ပါတယ်။ ဒီအပြင် ဖိနပ်ပေါက်အရာ အထင်သားနဲ့ ဘယ်နေရာသွားသွား အရှက်တကြီးဖြစ်နေရတဲ့အတွက် သဘာဝနည်းနဲ့ မြန်မြန်ပျောက်အောင် မျှဝေပေးလိုက်ပါတယ်။

၁။ရေခဲတုံး

ဖိနပ်ကိုက်လို့ စပ်ကျဉ်ကျဉ်ဖြစ်တဲ့အခါ ရေခဲတုံးကို အဝတ်သန့်ထဲ ထည့်ပြီး အနာပေါ်အုံပေးပါ။ နာကျင်မှုကို ချက်ချင်းပျောက်ကင်းစေပြီး ဖိနပ်ပေါက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ယောင်ယမ်းခြင်းကို လျော့နည်းစေပါတယ်။

ice၂။ရှားစောင်းလက်ပက်

ကျန်းမာရေးရော အလှအပရေးရာမှာပါ အသုံးဝင်တဲ့ ရှားစောင်းလက်ပက်ဟာ ဖိနပ်ကိုက်ခြင်းကိုလည်း ကုသနိုင်စွမ်းရှိပါတယ်။ အနာဖြစ်တဲ့နေရာကို ရှားစောင်းလက်ပက်အနှစ်လိမ်းပေးပါ။ ရက်ပေါင်းများစွာ အသုံးပြုပေးလျှင်အမာရွတ်ပါ ပျောက်ကင်းစေပါတယ်။

၃။အက်စပရင် ဆေးပြား (Aspirin)

ဆေးသောက်စရာမလိုပါဘူး။ ဆေးပြားကိုရေနှင့်ရောကာ အနှစ်ဖြစ်အောင်လုပ် အနာပေါ်လိမ်းပေးလိုက်ပြီး ခြောက်လာတဲ့အခါ ရေနဲ့ဆေးချလိုက်ပါ။ Aspirin ထဲမှာ ယောင်ယမ်းခြင်းကို ပျောက်ကင်းစေတဲ့ အာနိသင်ပါဝင်တဲ့အတွက် ဖိနပ်ကိုက်နာကို ကုသပေးပါတယ်။

aspirin-paste

၄။သံလွင်ဆီနှင့် ဗာဒံဆီ

သံလွင်ဆီနဲ့ ဗာဒံဆီရောလိမ်းပေးကာ နှိပ်နယ်ပေးခြင်းဖြင့် အနာကို သက်သာစေပါတယ်။

almond-oil-mask

၅။ပျားရည်

ဖိနပ်ကိုက်နာ ချက်ချင်းသက်သာစေဖို့ဆိုရင် ပျားရည်လိမ်းပေးပါ။

၆။ ဆန်မှုန့်

ဆန်မှုန့်ကလည်း ဖိနပ်ကိုက်နာအတွက်သင့်တော်ပါတယ်။ ဆန်မှုန့်ကို ရေနဲ့ဖျော်လိမ်းပြီ အခြောက်ခံပြီး ရေနွေးနဲ့တစ်နေ့ နှစ်ခါဆေးပေးခြင်းဖြင့် ဖိနပ်ကိုက်နာ အပြင်အမာရွတ်ပါပျောက်စေပါတယ်။

multipurpose-flour-wheat-flour-rice-flour