သွားနဲ့ သွားဖုံး ကျန်းမာသန်စွမ်းဖို့အတွက် အစားအသောက်ကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ သင်စားတဲ့ အစားအစာက သင့်ရဲ့သွားနဲ့ သွားဖုံးကို ကျန်းမာစေရုံသာမက သွားပိုးစားခြင်း နဲ့ သွားဖုံးရောဂါဖြစ်ပွားခြင်းကနေ ကင်းဝေးစေပါတယ်။ သင့်သွားလေးတွေ ကျန်းမာသန်စွမ်းဖို့အတွက် ဘာတွေစားမလဲ။ ဘာတွေ ရှောင်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

သွားနဲ့ ကယ်လ်ဆီယမ်

Sources_of_Calcium

ကယ်လ်ဆီယမ်ပါဝင်တဲ့ နွားနို့ သောက်ပေးတာဟာ သွားနဲ့ အရိုးကို ကျန်းမာသန်စွမ်းစေပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ဟာ ကလေးတွေအတွက်ရော လူငယ်တွေအတွက်ရော သိပ်ကို အရေးပါတဲ့ အာဟာရဓာတ်တစ်ခုပါ။ ကယ်လ်ဆီယမ်ဓာတ် လုံလောက်စွာပါဝင်တဲ့ အစားအစာတွေဟာ သွားပိုးစားခြင်း၊ သွားယိုယွင်းပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ်ဓာတ် စားသုံးမှုနည်းရင် သွားတွေ ယိုယွင်းပျက်စီးတာ သွားပိုးစားတာ ဖြစ်လာစေပါတယ်။ ဒါ့အပြင် သွားဖုံးရောဂါ ဖြစ်ပွားနိုင်မှုကိုလည်း မြင့်တက်စေပါတယ်။

34322992722_2030702655_b

အစားအစာနှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) က အသက် ၅၀နှစ် နဲ့အောက် အမျိုးသမီးတွေဟာ တစ်နေ့ကို ကယ်လ်ဆီယမ်ဓာတ် ၁၀၀၀ မီလီဂရမ် စားသုံးပေးသင့်ပြီး အမျိုးသားတွေကတော့ ဘယ်အသက်အရွယ်မဆို ကယ်လ်ဆီယမ်ဓာတ် ၁၀၀၀ မီလီဂရမ်စားသုံးပေးသင့်တယ်လို့ဖော်ပြထားပါတယ်။ အသက် ၅၀ နှစ်နဲ့ အထက် အမျိုးသမီးတွေကတော့ တစ်နေ့ကို ကယ်လ်ဆီယမ်ဓာတ် ၁၂၀၀ မီလီဂရမ် စားသုံးပေးသင့်တယ်လို့ ဆိုပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ကို နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ချိစ် နဲ့ ဒိန်ချဉ်တွေအပါအဝင် ငါးအမျိုးမျိုး၊ ကိုက်လန်နဲ့ ပန်းဂေါ်ဖီစိမ်း စသော အသီးအရွက်တွေမှာ ရရှိနိုင်ပါတယ်။

သွားနဲ့ ဗီတာမင် C

fruit-15408_960_720

ခန္ဓာကိုယ်အတွင်းရှိ တစ်ရှူ းတွေ ပြန်လည်ပြု ပြင်ဖို့နဲ့ ရောဂါကူးစက်ခြင်းကနေ ကာကွယ်ဖို့အတွက် ဗီတာမင် C လိုအပ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဘတ်ဖ်ဖလို (Buffalo) မြို့ရှိ State University of New York တက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်နေ့ကို ဗီတာမင် C ၇၅ မီလီဂရမ်ကနေ ၉၀ မီလီဂရမ်စားပေးတဲ့သူတွေဟာ မစားသုံးပေးတဲ့သူတွေထက် သွားဖုံးရောဂါဖြစ်ပွားနိုင်ချေ လျော့နည်းတယ်လို့ ဖော်ပြထားပါတယ်။ သွားဖုံးရောဂါဟာ ရေစီးကမ်းပြိုရောဂါ (Periodontal Diseases) ရဲ့ ကနဦး အစဖြစ်ပါတယ်။ သွားဖုံးရောဂါဟာ သွားဖုံးလေးတွေကို ရောင်ရမ်းစေပြီး အနီရောင်သန်းလာစေပါတယ်။ နောက်ပိုင်းမှာ သွေးအလွယ်တကူ ယိုတာမျိုး ဖြစ်စေပါတယ်။

Citrus Fruit တွေဖြစ်တဲ့ လိမ္မော်သီး၊ သံပုရာသီး၊ ဂရိတ်ဖရု၊ ကီဝီသီး စတဲ့အသီးတွေမှာ ဗီတာမင် C ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဒီအသီးအနှံတွေကိုစားပေးပါ။

သွားနဲ့ အသီးအရွက်

Food Carrots Carrot Vegetables Yellow Beets

ပန်းသီး၊ သစ်တော်သီး၊ တရုတ်နံနံ နဲ့ မုန်လာဥနီ စတဲ့ အသီးအရွက်တွေဟာ သွားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ သွားလေးတွေကို သန့်စင်ပေးပြီး သွားချေးဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပါတယ်။ ခပ်ကြာကြာလေး ဝါးပေးရတဲ့ အစားအစာတွေကိုလည်း စားပေးပါ။ အဲဒီအစားအစာတွေဟာ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ တံတွေးကို ပိုမို ထုတ်ပေးနိုင်ပါတယ်။

သွားနဲ့ လက်ဖက်ခြောက်

Green Tea Tea Tea Set Teapot Oolong Black Tea

လက်ဖက်ခြောက်အမည်းရောင် (Black Tea) မှာပါဝင်တဲ့ ကွန်ပေါင်းဓာတ်တွေက ဘက်တီးရီးယားကြီးထွားမှုကို နှေးကွေးစေသလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတာကြောင့် သွားပိုးစားတာနဲ့ သွားရောဂါဖြစ်ပွားခြင်းမှ ကင်းဝေးစေဖို့ ကူညီပေးပါတယ်။

သွားနဲ့ရေ

drinking-water-filter-singapore-1235578_960_720

ရေများများသောက်ပေးတာဟာ သွားအတွက်ကောင်းမွန်ပါတယ်။ ဘက်တီးရီးယားနဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

သွားကျန်းမာရေးအတွက် ရှောင်ရမယ့်အစားအစာတွေ

Candy Confectionery Hand Made Sweets Treat

သကြားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ရပါမယ်။ အထူးသဖြင့်တော့ ဝါးလို့လွယ်တဲ့ သကြားလုံးတွေ၊ မာတဲ့ သကြားလုံးတွေက သင့်ရဲ့သွားတွေကို ထိခိုက်ပျက်စီးစေပါတယ်။ သကြားလုံးတွေဟာ သွားကျန်းမာရေးအတွက် ရှောင်ရှားရမယ့် အဓိက အစားအစာတစ်ခုပါပဲ။ ဆိုဒါပါတဲ့ အချိုရည်ကို သောက်သုံးတာဟာလည်း သွားလေးတွေကို ပိုပြီးထိခိုက်ပျက်စီးစေပါတယ်။

တကယ်လို့ အဲဒီအစားအစာ စားပြီးရင်တော့ သွားကို သေချာတိုက်ပေးဖို့လိုပါတယ်။ သွားမတိုက်နိုင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ ပလုတ်ကျင်းပေးသင့်ပါတယ်။

သွားတိုက်တဲ့ အခါမှာလည်း မိုက်ခရိုကယ်လ်ဆီယမ်နဲ့ ဖလိုရိုက်ဒ် ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ် နေ့စဉ် တိုက်ပေးခြင်း အားဖြင့် သွားပိုးပေါက်ကင်းပြီး ခိုင်မာ တဲ့ သွားတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။