လူတိုင်း မနက်စာစားကြပါတယ်နော်။ မနက်စာစားတယ်ဆိုတာ သိပ်အရေးကြီးတယ်ဆိုတာလည်း လူတိုင်းသိကြမှာပါ။ တစ်နေ့တာလုံး အားအင်အပြည့်နဲ့ စတင်နိုင်ဖို့ မနက်စာဟာ မရှိမဖြစ်လိုအပ်ပါတယ်။

မနက်စာစားပေးတာတော့ဟုတ်ပါပြီ။ မနက်စာစားခြင်းအကြောင်းကို မျှဝေပေးချင်ပါတယ်။

၁။ အဝလွန်ခြင်းကို ကာကွယ်ပေးပါတယ်။

weight-loss-500x333

မနက်စာမစားတာဟာ အဝလွန်ခြင်းကို ဖြစ်ပေါ်နိုင်ချေပိုများပါတယ်။ မနက်ပုံမှန်စားတဲ့သူတွေဟာ မစားတဲ့သူတွေထက် အဝလွန်ရောဂါ ဖြစ်နိုင်ချေ ပိုနည်းတယ်ဆိုတာကို သုတေသီတွေက သက်သေပြခဲ့ပြီပါပြီ။ မနက်စာမစားရင် တစ်နေကုန်အားအင်ချည့်နှဲ့နေတတ်ပြီး သရေစာတွေ အမြန်စား အစားအစာတွေကို ရွေးချယ်စားသုံးမိပါတယ်။

မနက်စာစားတာကနေ ရရှိတဲ့ အာဟာရဓာတ်ဟာ ဇီဝဖြစ်စဉ်ကို တက်ကြွစေပြီး ကယ်လိုရီလောင်ကျွမ်းစေပါတယ်။

၂။ အာဟာရမျှတအောင်စားသင့်တယ်

တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးမနက်စာဖြစ်လို့ အာဟာရဓာတ်ညီမျှအောင်စားပေးရပါမယ်။ မြန်မာလူမျိုးအများအားဖြင့် မနက်စာကိုဆို မုန့်ဟင်းခါး၊ ကော်ဖီ၊ အီကြာကွေ့၊ စသဖြင့် အကြော်စာတွေ၊ မုန့်တွေစားပြီးပြီးသွားတတ်ကြပါတယ်။ ဒါပေမယ့် ညစာကိုကျတော့ များများစားတတ်ကြပါတယ်။ အဲဒီအကျင့်တွေကို ပြင်လိုက်ပါ။ မနက်စာစားရာမှာ အဓိကက အာဟာရဓာတ်ပြည့်ပြည့်၀၀ စားပေးရမှာပါ။

ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ Antioxidant၊ ဗီတာမင်နဲ့ သတ္တုဓာတ်၊ Omega 3 Fatty Acids ဓာတ်တွေကို စားပေးသင့်ပါတယ်။

၃။ မနက်စာကို အနည်းဆုံးမိနစ် ၂၀ လောက်အချိန်ယူစားပေးသင့်တယ်

breakfast-500x334

အချိန်မရှိလို့ မနက်စာကို အလောကြီး ၃၀ စားတာဟာ သင့်အတွက်မကောင်းပါဘူး။ မနက်စာစားဖို့အတွက် မနက်စောစောထပါ။ အနည်းဆုံး မိနစ် ၂၀ ၊ ၃၀ လောက်အချိန်ယူစားပေးပါ။ ကြေကြေညက်ညက်ဝါးပေးပါ။ မဟုတ်ရင် အစာချေစနစ်နဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်ပေါ်စေပါတယ်။

၄။ စိတ်ဖိစီးမှုကို သက်သာစေတယ်

fight-stress-500x334

မနက်စာကို ပြည့်ပြည့်၀၀စားပေးတာဟာ စိတ်ဖိစီးမှုကို သက်သာစေပြီး စိတ်ခံစားချက်မကောင်းတာကိုလည်း သက်သာစေပါတယ်။

၅။ မနက်စာကို စောစောစားသင့်တယ်

မနက်စာကို ၁၁ နာရီလောက်မှ စားတာမျိုး မဖြစ်သင့်ပါဘူး။ မနက်စာစားဖို့အကောင်းဆုံးအချိန်ဟာ မနက် ၆ နာရီကနေ ၈ နာရီအတွင်းဖြစ်ပါတယ်။ မနက်နိုးတာနဲ့ ရေသောက်၊ မျက်နှာသစ်၊ သွားတိုက်၊ လမ်းလျှောက်ပြီး ပြန်လာရင် မနက်စာစားပေးပါ။ အိပ်ယာနိုးတာနဲ့ ၁ နာရီအတွင်း စားပေးတာ ပိုကောင်းပါတယ်။

၆။ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားခြင်းကိုကာကွယ်ပေးတယ်။

cardiovascular-500x333

မနက်စာပုံမှန်စားပေးမယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ သွေးတွင်းသကြားဓာတ်များခြင်း၊ သွေးဖိအားများခြင်းနဲ့ ကိုလက်စရောများခြင်းကိုလည်း သက်သာစေပါတယ်။ ဒါ့ကြောင့်မနက်စာကို အာဟာရပြည့်ပြည့်၀၀ စားပေးပါ။