စောင်းလျားသီး ကို သိကြပါတယ်နော်။ အရှေ့တောင်အာရှနိုင်ငံမှာ အရမ်းကို လူကြိုက်များတဲ့အသီးပါ။ လက်တင်အမေရိကား နဲ့ အမေရိကားတောင်ပိုင်းမှာဆိုရင် လည်း အရမ်းကို ထင်ရှားတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

အဝါနှစ်ရောင်ရှိပြီး ချိုချဉ်အရသာရှိတဲ့ စောင်းလျားသီးရဲ့ အရသာဟာ ပန်းသီး၊ သစ်တော်သီး ၊ စပျစ်သီး နဲ့ တခြားအရသာရှိတဲ့ အသီးအနှံတွေကို ပေါင်းစပ်ထားတာနဲ့ ကို တူနေပါတယ်။

4983-benefits-of-star-fruit-for-skin-hair-and-health

စောင်းလျားသီးမှာ ကယ်လိုရီပမာဏ အနည်းငယ်သာပါဝင်ပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ Antioxidant ဓါတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ၊ ဗီတာမင် B နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်နေသေးလို့ ကျန်းမာရေးကိုလည်း များစွာအထောက်အကူပြုစေပါတယ်။

ဆီးချို

diabetes-2

စောင်းလျားသီးမှာ သကြားဓါတ်အနည်းငယ်ပဲပါဝင်တာကြောင့် ဆီးချိုကို ထိန်းညှိပေးနိုင်ပါတယ်။ အဲဒီအသီးမှာ ပါဝင်တဲ့ အမျှင်ဓါတ်ကလည်း အူထဲကနေ ဂလူးဂိုစ် စုပ်ယူမှုကို တားဆီးပေးနိုင်ပြီး သွေးတွင်း သကြားဓါတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

အမြင်အာရုံ

papaya-is-good-for-eyes

စောင်းလျားသီးမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်တာကြောင့်လည်း မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။

အိပ်မပျော်ခြင်း

Alarm clock on night table showing 3 a.m.

စောင်းလျားသီး မှာ မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကောင်းမွန်စွာအိပ်စက်စေပါတယ်။ အိပ်မပျော်တာ ဒါမှမဟုတ် အိပ်ပျော်ဖို့ ခက်နေတဲ့အခါမျိုးမှာ စောင်းလျားသီးကို စားသုံးပေးနိုင်ပါတယ်။

အသားအရေ

Closeup portrait of a charming young woman holding her face with hands

စောင်းလျားသီးမှာ Flavonoids ဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို ကျန်းမာ စိုပြေစေပါတယ်။ ဒါ့အပြင် သွပ် (Zinc) ဓါတ်ပမာဏ ကြွယ်ဝစွာပါဝင်တာကြောင့် ဝက်ခြံပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

သတိပြုရန်

စောင်းလျားသီးမှာ Oxalic Acid နဲ့ Andcaramboxin ဓါတ်ပါဝင်တာကြောင့် ကျောက်ကပ်ရောဂါရှိသူတွေကတော့ အထူးရှောင်ရှားသင့်ပါတယ်။ စားသုံးပေးရင် ပျို့အန်တာမျိုး ဖြစ်စေပါတယ်။

စတေတင် (Statin) ဆေး Opiates ဘိန်းပါတဲ့ဆေး Benzodiazepines (ဘင်ဇိုဒိုင်ယာပင်း) စတဲ့ဆေးတွေကို မှီဝဲနေသူတွေကတော့ ဒီအသီးကို မစားသင့်ပါဘူး။