[Unicode]

ငှက်ပျောသီးအစိမ်းက ကိုယ်အလေးချိန်ကျစေသလို ကိုလက်စထရောပမာဏကို လည်းထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆီးချို သွေးချိုပမာဏကို ထိန်းချုပ်ပေးနိုင်တာကြောင့် ဆီးချိုဝေဒနာရှင်တွေအတွက် အထူးသင့်တော်ပါတယ်။

ဒါတင်မကသေးပါဘူး တစ်နေ့တာလုံးအတွက် လုံလောက်တဲ့ စွမ်းအင်ပမာဏကို ပေးစွမ်းနိုင်တာကြောင့် ကျန်းမာရေးကို များစွာအကျိုးထူးစေပါတယ်။

8-Amazing-Benefits-And-Uses-Of-Green-Bananas

ငှက်ပျောသီးအစိမ်းမှာ ပိုတက်ဆီယမ်ပမာဏ ကြွယ်ဝစွာပါဝင်ပြီး နှလုံးနဲ့ ကြွက်သားရဲ့လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အရိုးနဲ့ သွားတွေကို ခိုင်မာစေတဲ့ မဂ္ဂနီဆီယမ်ဓါတ်လည်း ပါဝင်ပါတယ်။ စိတ်ဖိစီးမှုများတဲ့သူတွေအတွက်လည်း အကူအညီပေးနိုင်ပါတယ်။

banana_PNG851

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပြီး သွေးတွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။

ငှက်ပျောသီးအစိမ်းကို ပြုတ်မယ်

135847132

ရေ

SlicedGreenBananaWholeGreenBanana.jpg.838x0_q80

ငှက်ပျောသီးအစိမ်း ၅ လုံး

ပြင်ဆင်ခြင်း

boil banana

ငှက်ပျောသီးအစိမ်းကို ရေသေချာဆေးပြီး အတုံးလိုက်လှီးလိုက်ပါ။ မလှီးဘဲ ဒီအတိုင်းပြုတ်ရင်လည်း ရပါတယ်။ အခွံကိုမနွှာဘဲ ရေထဲပြီး ဆူအောင် ၁၀ မိနစ်လောက်သည်ထားပေးပါ။ ပြီးရင် ကြိတ်စက် (သို့) ဖျော်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ ပြီးရင် ရေခဲတုံးလေးတွေလုပ်တဲ့ပုံစံခွက် Ice Cube Container ထဲကို ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။
ခဲသွားပြီဆိုရင် ငှက်ပျောခဲလေးတွေကို ထုတ်လုက်ပြီး ခွက်ထဲထည့်ပြီး အဖုံးဖုံးကာ ရေခဲသေတ္တာထဲမှာထည့်ထားပါ။ ပြီးရင် ကိုယ်ကြိုက်တဲ့ သစ်သီးဖျော်ရည်တွေထဲမှာ ရေခဲတုံးအနေနဲ့ ထည့်စားပေးပါ။
တစ်နေ့ကို ၂၅၀ မီလီလီတာလောက်ထည့်ပြီးသောက်သုံးသင့်ပါတယ်။

ရလဒ်ကောင်းတွေရရှိလာမှာပါ။

[Zawgyi]

ငွက္ေပ်ာသီးအစိမ္းက ကိုယ္အေလးခ်ိန္က်ေစသလို ကိုလက္စထေရာပမာဏကို လည္းထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ဆီးခ်ိဳ ေသြးခ်ိဳပမာဏကို ထိန္းခ်ဳပ္ေပးႏိုင္တာေၾကာင့္ ဆီးခ်ိဳေ၀ဒနာရွင္ေတြအတြက္ အထူးသင့္ေတာ္ပါတယ္။

ဒါတင္မကေသးပါဘူး တစ္ေန႔တာလံုးအတြက္ လံုေလာက္တဲ့ စြမ္းအင္ပမာဏကို ေပးစြမ္းႏိုင္တာေၾကာင့္ က်န္းမာေရးကို မ်ားစြာအက်ိဳးထူးေစပါတယ္။

8-Amazing-Benefits-And-Uses-Of-Green-Bananas

ငွက္ေပ်ာသီးအစိမ္းမွာ ပိုတက္ဆီယမ္ပမာဏ ၾကြယ္၀စြာပါ၀င္ၿပီး ႏွလံုးနဲ႔ ၾကြက္သားရဲ့လုပ္ေဆာင္မႈေတြကို ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ အရိုးနဲ႔ သြားေတြကို ခိုင္မာေစတဲ့ မဂၢနီဆီယမ္ဓါတ္လည္း ပါ၀င္ပါတယ္။ စိတ္ဖိစီးမႈမ်ားတဲ့သူေတြအတြက္လည္း အကူအညီေပးႏိုင္ပါတယ္။

banana_PNG851

အမွ်င္ဓါတ္ေတြၾကြယ္၀စြာပါ၀င္လို႔ အစာေခ်စနစ္ကိုေကာင္းမြန္ေစၿပီး ေသြးတြင္းက အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးႏိုင္ပါတယ္။

ငွက္ေပ်ာသီးအစိမ္းကို ျပဳတ္မယ္

135847132

ေရ

SlicedGreenBananaWholeGreenBanana.jpg.838x0_q80

ငွက္ေပ်ာသီးအစိမ္း ၅ လံုး

ျပင္ဆင္ျခင္း

boil banana

ငွက္ေပ်ာသီးအစိမ္းကို ေရေသခ်ာေဆးၿပီး အတံုးလိုက္လွီးလိုက္ပါ။ မလွီးဘဲ ဒီအတိုင္းျပဳတ္ရင္လည္း ရပါတယ္။ အခြံကိုမႏႊာဘဲ ေရထဲၿပီး ဆူေအာင္ ၁၀ မိနစ္ေလာက္သည္ထားေပးပါ။ ၿပီးရင္ ႀကိတ္စက္ (သို႕) ေဖ်ာ္စက္ထဲထည့္ၿပီး ႀကိတ္လိုက္ပါ။ ၿပီးရင္ ေရခဲတံုးေလးေတြလုပ္တဲ့ပံုစံခြက္ Ice Cube Container ထဲကို ထည့္ၿပီး ေရခဲေသတၱာထဲမွာ ထည့္ထားပါ။
ခဲသြားၿပီဆိုရင္ ငွက္ေပ်ာခဲေလးေတြကို ထုတ္လုက္ၿပီး ခြက္ထဲထည့္ၿပီး အဖံုးဖံုးကာ ေရခဲေသတၱာထဲမွာထည့္ထားပါ။ ၿပီးရင္ ကိုယ္ႀကိဳက္တဲ့ သစ္သီးေဖ်ာ္ရည္ေတြထဲမွာ ေရခဲတံုးအေနနဲ႔ ထည့္စားေပးပါ။
တစ္ေန႔ကို ၂၅၀ မီလီလီတာေလာက္ထည့္ၿပီးေသာက္သံုးသင့္ပါတယ္။

ရလဒ္ေကာင္းေတြရရွိလာမွာပါ။