မကြာသေးမီက အီတလီနိုင်ငံရဲ့ သုတေသနပြုချက်အရ Saffron လို့ခေါ်တဲ့ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဟာ အမြင်အာရုံကို ၉၇ % ထိ တိုးတက်ကောင်းမွန်စေပါတယ်တဲ့။
ဒီကနေ့ခေတ်မှာ ကွန်ပျူတာအကြည့်များတာ ဖုန်းကနေတဆင့် ဂိမ်းဆော့တာ Facebook တို့လို လူမှုကွန်ရက်စာမျက်နှာတွေ အသုံးများတာတွေကြောင့် မျက်လုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။
တချို့ဆို ငယ်ငယ်လေးနဲ့ မျက်မှန်ပါဝါတွေတပ်ထားရတာတွေ ရှိပါတယ်။
Macular Degeneration လို့ခေါ်တဲ့ မျက်စိအမြင်လွှာတွေ ထိခိုက်ပျက်ဆီးခြင်းကို Saffron ကကာကွယ်ပေးနိုင်ပါတယ်။
အီတလီနိုင်ငံရဲ့ လေ့လာချက်တစ်ခုက Saffron ကို တစ်နေ့ ၂၀မီလီဂရမ် စားသုံးတဲ့သူတွေဟာ ၃ လအတွင်းမှာ အမြင်အာရုံပိုကောင်းလာပြီး မျက်စိအမြင်လွှာတွေထိခိုက်ပျက်ဆီးခြင်းကို ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Saffron က မျက်စိနဲ့ စပ်ဆက်နေတဲ့ အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။
ခန္ဓာကိုယ်အတွင်းမှာလည်း အောက်စီဂျင်ပမာဏကို မြင့်တက်စေပြီး ဆဲလ်လူလာတွေ ပျက်ဆီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
Saffron ကို ကော်ဖီထဲမှာထည့်သောက်တာဖြစ်ဖြစ် တခြားအစားအစာတွေမှာ ထည့်စားတာပဲဖြစ်ဖြစ် သိပ်ကို ကောင်းမွန်ပါတယ်။
Saffron ကို ရေနွေးနဲ့စိမ်ပြီး တစ်နေ့ ၁ ခွက်လောက်သောက်ပေးတာဟာ အမြင်အာရုံပျက်ဆီးမှုကို ကာကွယ်ပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း စာဖတ်သူတွေအတွက် သတင်းကောင်း မျှဝေလိုက်ပါတယ်။
Source: healthywayoflife.net