ဂျင်းကတော့ မြန်မာတို့ရဲ့ မီးဖိုချောင်တိုင်းမှာ ရရှိနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပါ။ ဂျင်းကို နှစ်ပေါင်းများစွာကတည်းက ဟင်းခတ်အမွှေးအကြိုင် အနေနဲ့ အသုံးပြုခဲ့ကြပြီး ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

ကင်ဆာ

18

အမေရိကန်ပြည်ထောင်စု မက်ချီဂန်တက္ကသိုလ်ရှိ ကင်ဆာဌာရဲ့ လေ့လာမှုအရ ဂျင်းဟာ သားအိမ်ခေါင်းကင်ဆာကို ကုသပေးနိုင်တယ်လို့ဆိုပါတယ်။ သားအိမ်ကင်ဆာဆဲလ်တွေကို အမြင့်ဆုံးနဲ့ လုံခြုံမှုအရှိဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်တဲ့။ ဒါ့အပြင် ဂျင်းကို အူမကြီးကင်ဆာကို သက်သာစေဖို့ စားသုံးနိုင်ပါတယ်။

ခေါင်းကိုက်ခြင်း

reduces-headaches

ဂျင်း ငရုတ်ကောင်းမှုန့်နဲ့ ငရုတ်သီးမှုန့်အစိမ်းတို့ကို ပေါင်းပြီး ခေါင်းကိုက်တာကို ပျောက်ကင်းစေဖို့ အသုံးပြုနိုင်ပါတယ်။ ဖော်ပြခဲ့တဲ့ပါဝင်ပစ္စည်း ၃ မျိုးကို ရေနွေးဆူဆူထဲထည့်ပြီး ပျားရည်အနည်းငယ်ထည့်ကာ သောက်သုံးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ဂျင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေအနည်းငယ်ရောပြီး နဖူးပေါ်မှာ လိမ်းပေးလိုက်တာကလည်း ခေါင်းကိုက်တာကို သက်သာစေပါတယ်။

သွားကိုက်ခြင်း

home-remedies-for-toothache1

ဂျင်းကို သွားကိုက်တာသက်သောစေဖို့ အသုံးပြုနိုင်ပါတယ်။ ဂျင်းကို လှီးပြီး သွားဖုံပေါ်မှာ ဖိပေးထားပါ။ နောက်တစ်နည်းကတော့ ဂျင်းကို ရေနွေးနဲ့ ဖျော်ပြီး ပလုတ်ကျင်းပေးရမှာဖြစ်ပါတယ်။

ဆီးချို

tips-for-appetite-loss-treatment-with-ginger_1-jpg07-ginger-benefits-risks-lower-blood-sugar

ဆီးချိုဝေဒနာရှင်တွေအတွက် မနက်တိုင်း အစာမစားခင်မှာ ဂျင်းပြုတ်ရည်ကို သောက်ပေးသင့်ပါတယ်။ ဂျင်းပြုတ်ရည်ဟာ သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

အစားစာချင်စိတ်

loss-of-appetite

ဖြစ်တတ်ပါတယ်။ ဘာစားစား စားလို့မကောင်းတာမျိုး။ အစားများများမစားချင်တာမျိုးတွေပါ။ ဒါ့ကြောင့် တချို့ဆိုရင်အစားစားကောင်းဖို့ ဆေးတွေမှီဝဲကြပါတယ်။ ဆေးဝါးတွေမှီဝဲဖို့မလိုတော့ပါဘူး။ ဂျင်းတစ်စိတ်လောက်ကို အစားစာခင်မှာ ဝါးစားပေးပါ။ အစာချေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အစားစာချင်စိတ်ကို တိုးတက်လာစေပါတယ်။