အံ့အားသင့်ဖွယ် အကျိုးကျေးဇူးများတဲ့ သဘာဝသွားတိုက်ဆေးကို အသုံးပြုပြီးတဲ့နောက်မှာ ဈေးကြီးတဲ့ သွားတိုက်ဆေးကို ဝယ်သုံးချင်တော့မှာမဟုတ်ပါဘူး။

အခုစာဖတ်သူတွေကို မျှဝေပေမဲ့ သွားတိုက်ဆေးကတော့ သွားပိုးစားတာ ၊ သွားဖုံးရောဂါနဲ့ သွားတွေကို ဖြူဖွေးစေမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

4624-top-10-health-benefits-of-virgin-coconut-oil

သန့်စင်တဲ့ အုန်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

baking-soda-e1462990338656

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်း

peppermint-oil

ပူစီနံကနေထုတ်တဲ့ ဆီ (Mint Essential Oil) ၁၅ စက်

neem-powder

တမာမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

xylitol-1170x562

Xylitol (ပီကေတွေမှာတွေ့ရတဲ့ သကြားအစားထိုးပစ္စည်း) စားပွဲတင်ဇွန်း ၁ ဇွန်း

မှတ်ချက် ။     ။ Xylitol ကို အရသာကောင်းမွန်စေဖို့ထည့်သွင်းတာဖြစ်ပါတယ်။ တကယ်လို့ စာဖတ်သူတွေ ဝယ်ယူလို့အဆင်မပြေရင် မထည့်လည်းရပါတယ်။ Xylitol ပါတဲ့ ပီကေကို တနေ့ ၁ ခုလောက်ဝါးပေးပါ။ သွားပိုးစားတာကို သက်သာစေပါတယ်။

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းအားလုံးကို သင့်တော်တဲ့ ခွက်တစ်ခုထဲမှာ ထည့်လိုက်ပါ။ အဲဒီနောက် သေချာအောင်မွှေပေးပြီး အုန်းဆီခဲသွားတဲ့ထိထားပါ။

ဘယ်လိုသုံးမလဲ

အဲဒီသဘာဝသွားတိုက်ဆေးကို ပုံမှန်တိုက်နေကျ သွားတိုက်ဆေးနေရာမှာ အသုံးပြုပေးပြီး တနေ့ကို ၃ ကြိမ် တိုက်ပေးပါ။ သွားတွေဖြူဖွေးလာမှာဖြစ်သလို သွားပိုးစားတာနဲ့ သွားဖုံးရောဂါကိုလည်း သက်သာပျောက်ကင်းစေမှာပါ။