အာဟာရဓာတ်တွေဆိုတာဟာ အစားအသောက်တစ်ခုထဲမှ ရရှိနိုင်တာမဟုတ်ပါဘူး။ အစာမရှိဘဲ အချိန်အတိုင်းအတာ တစ်ခုလောက် နေထိုင်နိုင်ပေမယ့် ရေမရှိလျှင်တော့ ရက်အနည်းငယ်ပဲခံနိုင်ရည်ရှိမှာပါ။ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးရန်၊ ကိုယ်တွင်းအညစ်အကြေးများကို ဖယ်ရှားပစ်ရန်အတွက်သာမက ခန္ဓာကိုယ်တစ်လျှောက်လုံး သွေးလည်ပတ်စီးဆင်းနိုင်ဖို့အတွက်ပါ ရေကိုမရှိမဖြစ်လိုအပ်ပါတယ်။

နှလုံးရောဂါ၊ လေဖြတ်ဝေဒနာတို့လို့ စိုးရိမ်ရတဲ့ အခြေအနေတွေမဖြစ်ပွားစေဖို့အတွက် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများမှ အပူများကို ရေမှအဝေးကိုသယ်ဆောင်သွားပေးပါတယ်။ ၂ ရာခိုင်နှုန်းလောက် ရေဓာတ်လျော့နည်းသွားသည်နှင့် စိုးရိမ်ရလောက်တဲ့ မူးဝေခြင်း၊ နှလုံးသွေးကြောလမ်းကြောင်းဟန့်တားနှောင့်ယှက်မှုများကို ခံစားလာရနိုင်ပါတယ်။

ဒါကြောင့် အပူချိန်မြင့်မားပြီး ခြောက်သွေ့လွန်းလှတဲ့ နွေရာသီလိုအချိန်မျိုးမှာ ရေဓာတ်ပြည့်ဝနေဖို့အတွက် အသုံးဝင်မယ့် အကြံဥာဏ်ကောင်းလေးများကို ဖော်ပြပေးလိုက်ရပါတယ်။

ရေငတ်ခြင်းကို ရှောင်ရှားဖို့အတွက် ရေတစ်ခွက် သို့မဟုတ် ရေဗူးကို အနားမှာထားပြီး သတိရတိုင်း မှန်မှန်သောက်သုံးပေးပါ။

အလွန်ပူပြင်းသည့် အပူထဲတွင် သို့မဟုတ် တစ်နာရီထက်ပိုပြီး လေ့ကျင့်ခန်းလုပ်တဲ့အချိန်တိုင်း အချိုရည်တွေ မဟုတ်ဘဲ ရေကိုသာသောက်သုံးပေးပါ။

ရေဓာတ်ပြည့်ဝနေပြီဆိုတော့မှ လေ့ကျင့်ခန်းစလုပ်ပါ။ တစ်ရက်ကြိုတင်ပြီး သို့မဟုတ် တစ်နာရီအလို၊ လုပ်နေစဉ် နှင့် နားလိုက်သည့်အချိန်မှာ ရေကိုများများသောက်ပေးပါ။

ကျန်းမာရေးအကောင်းဆုံးဖြစ်ဖို့အတွက် ရေဓာတ်အများအပြားပါဝင်ပြီး အာဟာရဓာတ်ကြွယ်ဝသည့် အသီးအနှံ၊ ဟင်းသီးဟင်းရွက်တို့ကို တတ်နိုင်သလောက် များများစားသုံးပေးပါ။

ဒီအကြံဥာဏ်လေးတွေကို မှတ်သားထားပြီး လုပ်ဆောင်ပေးမယ်ဆိုရင်တော့ အလွန်အမင်းကို ပူပြင်းခြောက်သွေ့လွန်းလှတဲ့ နွေရာသီမှာပင်လျှင် ရေဓာတ်ပြည့်ဝနေမှာဖြစ်ပါတယ်။ ရေသောက်သုံးတဲ့အခါမှာလည်း သေချာစနစ်တကျသန့်စင်ထားတဲ့ သောက်ရေသန့်ကို ရွေးချယ်ဖို့လိုအပ်ပါတယ်။

လူတိုင်းအတွက် အသင့်တော်ဆုံး Wave Plus သောက်ရေသန့်

ယနေ့အချိန်မှာ လူသိများလာတဲ့ Wave Plus သောက်ရေသန့်အမှတ်တံဆိပ်ဟာ အရည်အသွေးထူးကဲကောင်းမွန်ပြီး ကြည်လင်ရှင်းသန့်တဲ့ သောက်ရေသန့်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေပါတယ်။ ကိုယ်အပါအဝင် ချစ်ရခင်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေရဲ့ ကျန်းမာရေးကောင်းမွန်ဖို့အတွက် Wave Plus ကို ရွေးချယ်လိုက်ပါ။

အမြို့မြို့အနယ်နယ်မှ မိတ်ဟောင်းမိတ်သစ်များအတွက် ပြန်လည်ဖြန့်ချီရောင်းချလို၍ဖြစ်စေ လက္ကားမှာယူလိုတယ်ဆိုရင်တော့ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း သတင်းကောင်းပါးပေးလိုက်ရပါတယ်။

Sales Hot Line: 09-782525888, 01-551833, 01-544867
Business Sales Hot Line: 09-784242777, 09-954242777