လတ်ဆတ်ပြီး အရသာရှိတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုရွေးချယ်ရတာ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက်ဆိုသလိုပါပဲ။

Best-Food-Choices-For-COPD-05-722x406

ဝယ်ပြီးမှ အသီးကမချိုတာ မလတ်တာ မျိုးဖြစ်တတ်ပါတယ်။ သစ်သီးရောင်းတဲ့ဆိုင်တွေမှာ နမူနာအဖြစ် သစ်သီးတစ်ချို့ကို ခွဲပြပြီး စားသုံးခိုင်းတာမျိုးတွေရှိပေမဲ့ ကိုယ်တကယ်ဝယ်ယူတဲ့အခါမှာ သိပ်ပြီးအရသာမတူပါဘူး။ ဒီတော့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်နည်းကို ပြောပြပေးသွားပါမယ်။

ပြောင်းဖူး

Corn

ပြောင်းဖူးကိုရွေးမယ်ဆိုရင် ပြောင်းဖူးအသားကိုကြည့်မဲ့အစာ ပြောင်းဖူးရဲ့ ထိတ်ကအမွှေးတွေကို ကြည့်ပေးရပါမယ်။ ခြောက်သွေ့ပြီး မည်းနက်တဲ့အရောင်ရှိတဲ့ အမွှေးကိုရွေးချယ်မဲ့အစား အညိုရောင်နဲ့ စေးကပ်တဲ့ အမွှေးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

ငရုတ်သီး

ငရုတ်သီးကိုတော့ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ဟင်းလျာမှာ မပါမဖြစ်မို့ ရွေးချယ်သင့်ပါတယ်။ ငရုတ်သီး အရောင်တောက်ပြီး ညိုးမနေတာကို ရွေးချယ်သင့်ပါတယ်။

ခရမ်းသီး

ကိုယ်အလေးချိန် လျော့ကျဖို့ကူညီပေးမယ့် ခရမ်းသီးဖျော်ရည်

ခရမ်းသီးကိုဝယ်မယ်ဆိုရင် အလေးချိန် နဲ့ အရောင်ကို ကြည့်ရပါမယ်။ လက်မနဲ့ ခရမ်းသီးကို ပွတ်ကြည့်လိုက်လို့ ပိန်မသွားဘဲ နဂိုတိုင်းချက်ချင်း ပြန်ဖောင်းလာတယ်ဆိုရင် ဒါဟာ လတ်ဆတ်တဲ့ခရမ်းသီးဖြစ်ပါတယ်။

ဖရဲသီး

ခရဲသီးကိုဝယ်မယ်ဆိုရင် အရောင်နဲ့ အစက်အပျောက်ပါဝင်မှု ပြီးတော့ အရွယ်အစားကိုပါရွေးရပါမယ်။ ဖရဲသီးတစ်လုံးက အားလုံးစိမ်းနေတာမဟုတ်ဘဲ အစိမ်းရောင်မဟုတ်တဲ့ အဝါရောင်အပိုင်းလေးပါပါတယ်။ အဲဒီအဝါရောင်အပိုင်းမှာ အမဲရောင်အစက်ပျောက်လေးဖြစ်နေရင် အရသာရှိပြီး အရည်ရွှမ်းတဲ့အသီးအဖြစ် မှတ်ယူနိုင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးမှည့်ကို ဝယ်တဲ့အခါမှာ လက်နဲ့ အားသိပ်မစိုက်ဘဲ ဖိညှစ်ပေးပါ။ အသီးက သိပ်မပျော့တာကိုရွေးပါ။

ပြီးရင် အသီးရဲ့အရောင်ကိုသိရဖို့ ထိတ်ကအသားကို အနည်းငယ်ဖယ်လိုက်ပါ။ အထဲကအသားက အညိုရောင် (သို့) အမဲရောင်ဖြစ်နေရင် မစားပါနဲ့။

သခွားသီး

သခွားသီးကိုဝယ်မယ်ဆိုရင် အရောင်ကိုကြည့်ရပါမယ်။ အစိမ်းရောင်ရင့်ရင့်နဲ့ အပြစ်အနာဆာမရှိ (တွန့်မနေတဲ့) အသီးကို ရွေးချယ်သင့်ပါတယ်။

ခရမ်းချည်သီး

beefsteak-toms-442408

ခရမ်းချည်သီးကို တော့ အရောင် နဲ့ အနံ့နမ်းကြည့်ပြီး ဝယ်နိုင်ပါတယ်။

စတော်ဘယ်ရီ

shutterstock_165452462

အကောင်းဆုံးစတော်ဘယ်ရီသီးကို ဝယ်ယူချင်ရင် အရင်ဆုံး အနံ့ခံပေးသင့်ပါတယ်။ ပြီးရင် စတော်ဘယ်ရီသီးအသားကို ကြည့်သင့်ပါတယ်။ အနာမရှိဘူး အနံ့လည်ကောင်းတယ်ဆိုရင် စားသုံးလို့ရပါတယ်။

သခွားမွှေး

Cantaloupe-1236

သခွားမွှေးကိုဝယ်ယူမယ်ဆိုရင်တော့ အနံ့နဲ့ အလေးချိန်ကို ချိန်ဆဖို့လိုပါတယ်။ လေးပြီး အနံ့ကောင်းတဲ့ အသီးမျိုးကို ရွေးချယ်ပါ။ ပြီးတော့ လက်မနဲ့ ပွတ်ကြည့်ပေးပါ။ ချိုင့်ဝင်သွားပြီး ချက်ချင်းပြန်တင်းလာတဲ့အသီးကို ရွေးပါ။

နာနတ်သီး

နာနတ်သီးကိုရွေးးချယ်ဖို့ဆိုရင်တော့ အနံ့ကို သေချာနမ်းပြီးရွေးရမှာဖြစ်ပါတယ်။ အနံကောင်းတယ်ဆိုရင် ရွေးချယ်စားသုံးလို့ရပါတယ်။ နာနတ်သီးအနံ့က ရှလကာရည်လိုအနံ့မျိုးရနေတယ်ဆိုရင် အမှည့်လွန်သွားပါပြီ။