အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ထမင်းစားပြီးအချိုပွဲကို အရသာရှိရှိ တည်းနိုင်ဖို့အတွက် စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ လိမ္မော်သီးတို့နဲ့ ပြုလုပ်ပေးလို့ရတဲ့ အချိုပွဲ (၂) မျိုးကို မျှဝေပေးချင်ပါတယ်။

ထမင်းစားပြီး အစာကြေအောင်၊ အအီပြေအောင် အသီးအနှံကို ရိုးရိုးမဟုတ်ဘဲ အချိုပွဲလေးပြုလုပ်ပြီးစားချင်တဲ့သူတွေအတွက် အဆင်ပြေမှာပါနော်။

ရေခဲမုန့်

ပထမဆုံး အချိုပွဲလေးကတော့ စတော်ဘယ်ရီ ၊ ဘလူးဘယ်ရီရေခဲမုန့် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

စတော်ဘယ်ရီသီး (၂၀) လုံး

Strawberry

ဘလူးဘယ်ရီသီး (၁၀) လုံး

Vanilla အနည်းငယ် (သို့)  နို့ဆီအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး စတော်ဘယ်ရီသီးကို အလည်အူတိုင်တွေထုတ်ပြီး နှစ်ခြမ်းခြမ်းကာ ပန်းကန်တစ်ခုထဲထည့်ထားလိုက်ပါ။ ဘလူးဘယ်ရီနဲ့ စတော်ဘယ်ရီသီးကို ရေခဲသေတ္တာထဲမှာ ၁ နာရီလောက်ထားထားပါ။

အရင်ဆုံး Blender (ဖျော်စက်) ထဲကို ပါဝင်ပစ္စည်းတွေထည့်ပြီး ဖျော်ပေးလိုက်ပါ။ အားလုံး သေချာညက်သွားပြီရင် ခွက်ထဲထည့်ပေးလိုက်ပါ။ အဲဒီနောက် ရေခဲသေတ္တာထဲ ထည့်ပေးလိုက်ပြီး အေးခဲထားလိုက်ပါ။

စားခါနီးကျမှ ဇွန်းနဲ့ ခူးခပ်လိုက်ပြီး ပန်းကန်ထဲထည့်ကာ သုံးဆောင်လိုက်ပါ။

သီးစုံရေခဲသုပ်

အခုတခါမှာတော့ သီးစုံ ရေခဲသုပ်ပြုလုပ်နည်းကို မျှဝေပေးသွားမှာပါ။

ပါဝင်ပစ္စည်း

စတော်ဘယ်ရီ

ဘလူးဘယ်ရီ

လိမ္မော်သီး

ပန်းသီး

တခြားမိမိနှစ်သက်ရာအသီးများ

ရေခဲ

နို့ဆီ

ဒိန်ချဉ်

ပြုလုပ်နည်း

အရင်ဆုံး အသီးအနှံတွေကို ရေသေချာဆေးပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီလောက် ခဏထည့်ထားလိုက်ပါ။

အဲဒီနောက် ရေခဲတုံးလေးတွေကို ကျိတ်စက် (ဖျော်စက်) ထဲထည့်ပြီး အမှုန့်လေးတွေဖြစ်အောင်ကျိတ်လိုက်ပါ။

နို့ဆီနဲ့ ဒိန်ချဉ်ကိုလည်း အတူတူရောပြီး ကျိတ်လိုက်ပါ။ ပန်းရောင်လေးနည်းနည်းသန်းချင်ရင် စတော်ဘယ်ရီသီးအနည်းငယ်ထည့်ပြီး ကျိတ်ပေးပါ။

အဲဒီနောက် အမှုန့်လေးတွေဖြစ်သွားတဲ့ ရေခဲမုန့်ကိုအောက်မှာထား အသီးအနှံတွေကို အပေါ်ကနေတင်လိုက်ပါ။

အဲဒီနောက် နို့ဆီနဲ့ ဒိန်ချဉ်ရောထားတာကို အပေါ်ကနေ လောင်းချလိုက်ပြီး သုံးဆောင်နိုင်ပါပြီ။

စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီသီးကောင်းကောင်း ဘယ်မှာဝယ်ရမလဲ။

ခု Recipe မှာပါတဲ့ ဘလူးဘယ်ရီတို့၊ စတော်ဘယ်ရီသီးတွေနဲ့ အခြားပါဝင်ပစ္စည်းတွေကို Marketplace ရဲ့ US Fair ၀ယ်ယူနိုင်ပါတယ်။ US က တိုက်ရိုက်တင်သွင်းတဲ့ စားသောက်ကုန်ပစ္စည်းမျိုးစုံကို ရောင်းချမယ့် US Fair ကို သြဂုတ်လ (၁၆)ရက်ကနေ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာမို့ အစားအသောက်ဆန်းဆန်းလေးတွေ ပြုလုပ်စားသောက်ချင်သူတွေ လက်မလွှတ်သင့်တဲ့ အခွင့်အရေးကို Value add အနေနဲ့လမ်းညွှန်လိုက်တယ်နော်။