ရေဓာတ်ကြွယ်ဝတဲ့သခွားသီးက ကျန်းမာရေးအတွက်လည်း အသုံးဝင်တဲ့အပြင် အလှအပအတွက်လည်း အသုံးတည့်တဲ့ ဟင်းသီးဟင်းရွက်အမျိုးအနွယ်ဝင်တစ်ခုပါပဲ။ သခွားသီးရဲ့ အခွံက အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီလီကာ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဆီလီကာဓာတ်က ကြွက်သားတစ်သျှူး၊ ကြွက်သားနှင့် အရိုးစပ်ကြားရှိ အရွတ်ကြောလုံး၊ အရွတ်များနဲ့ အရိုးများ ကျန်းမာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။

သခွားသီးဖျော်ရည်သောက်သုံးခြင်းက အသားအရေကြည်လင်မှုကို တိုးမြှင့်ပေးပြီး အသားအရေတောက်ပစေကာ အစိုဓာတ်ရရှိအောင်လည်း ကူညီပံ့ပိုးပေးပါလိမ့်မယ်။

သခွားသီးက ဘယ်လိုနည်းလမ်းမျိုးစုံနဲ့ အသုံးတည့်သလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

အေးမြလန်းဆန်းဖို့အတွက် သခွားသီး ရေခဲချောင်းလုပ်စားပါ

Source: heviewfromgreatisland.com

ပူအိုက်တဲ့နေ့မှာ ချွေးအရမ်းထွက်လို့ ရေဓာတ်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်ပေးပါသလား။ သခွားသီးရေခဲချောင်းလေး လုပ်စားကြည့်လိုက်ပါ။ အေးမြလန်းဆန်းမှုကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။

ရေချိုးခန်းထဲက မှန်များ ရေငွေ့ရိုက်ခြင်းမှ ကင်းဝေးဖို့ရန်အတွက်

Source: www.littlethings.com

သခွားသီးကို ခပ်ထူထူလေးလှီးပြီး မှန်ပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။ ရေချိုးခန်းက အနံ့အသက်လေး မွှေးနေမှာဖြစ်ပြီး မှန်ပေါ်မှာ ရေငွေ့ရိုက်မှာ မဟုတ်တော့ပါဘူး။

အရက်နာကျခြင်း ကင်းဝေးဖို့အတွက်

ညဘက်မှာ သူငယ်ချင်းနဲ့ တပျော်တပါး သောက်စားပျော်ပါးကြတာ အရှိန်လွန်သွားလို့ မနက်ပိုင်းမှာ ခေါင်းမထောင်နိုင်အောင် ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို အသုံးပြုကြည့်လိုက်ပါ။ ညအိပ်ယာမဝင်ခင်မှာ သခွားသီး တစ်လုံးလောက် စားပေးလိုက်ပါ။ သခွားသီးမှာ ရေဓာတ်ကြွယ်ဝတဲ့အပြင် ဗီတာမင် ဘီ၊ သကြားဓာတ်နဲ့ လျှပ်လိုက်ပျော်ရည်တို့က ကုန်ဆုံးသွားတဲ့ အာဟာရဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

သခွားသီးထမင်းလိပ် လုပ်စားပါ

Source: www.kidspot.com.au

သပ်သပ်လွတ်သမားများအတွက် အသားမပါတဲ့ ထမင်းလိပ်လုပ်စားချင်တယ်ဆိုရင် သခွားထမင်းလိပ်ကို နံပါတ်တစ်ဦးစားပေးအနေနဲ့ ပြုလုပ်စားသုံးပေးလိုက်ပါ။ ပြုလုပ်ပုံပြုလုပ်နည်းတွေကလည်း ရိုးရှင်းလွယ်ကူတာကြောင့် အိမ်ရှင်မတို့အကြိုက်နဲ့ တပ်တူကျမှာ အမှန်ပါပဲ။

ပုရွတ်ဆိတ်များကို မောင်းထုတ်နိုင်ဖို့

Source: www.farmersalmanac.com

ပုရွတ်ဆိတ်တွေက အိမ်ထဲမှာ၊ စားစရာ သောက်စရာတွေနားမှာ မဖိတ်ခေါ်ပါဘဲနဲ့ လာရောက်နေပြီဆိုရင်တော့ သခွားသီးအခွံလေးတွေ ချထားလိုက်ပါ။ နောက်တစ်နေ့မိုးလင်းတာနဲ့ ပုရွတ်ဆိတ်တွေ ရှိတော့မှာမဟုတ်တော့ပါဘူး။

ပေါင်းစပ်အသားအရေ ပိုင်ရှင်များအတွက် သဘာဝမျက်နှာပေါင်းတင်ဆေး

သခွားသီး တစ်ဝက်နဲ့ သဘဝဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းခန့်တို့ကို ဖျော်စက်ထဲထည့်ပြီး သမအောင် ကြိတ်ချေလိုက်ပါ။ ရလာတဲ့အနှစ်များကို မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်မျာ သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ကြာမှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ထပ်မံပြီးတော့ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်မယ်ဆိုရင် ကြည်လင်ချောမွတ်တဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ပါပြီ။