နှင်းခူဟာ အရေပြား ခြောက်သွေ့ ယားယံတဲ့ အရေးပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ နှင်းခူဖြစ်ရင် မကုတ်ခြစ်မိဖို့ အထူးသတိထားရပါမယ်။
အရေပြား ရောဂါတစ်မျိုးဖြစ်တဲ့နှင်းခူရဲ့ နောက်ဆုံးရလဒ်ကတော့ မျက်နှာ၊ လက် ခြေထောက် ၊ လက်ကောက်ဝတ် ၊ ခြေဆစ် ၊လည်ပင်း ၊ ဒူး စတဲ့ နေရာတွေမှာ မိတ်ထတာလိုမျိုး အဖုလေးတွေ ဖြစ်လာပြီး ယားယံလာတော့တာပါပဲ။ နှင်းခူဖြစ်ရတာဟာ Staphylococcus လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး တစ်မျိုးကြောင့်ပါ။ အဲဒီ ဘက်တီးရီးယားကို တိုက်ဖျက်နိုင်ဖို့ အုန်းဆီလိုမျိုး သဘာဝနည်းလမ်းလေးတွေနဲ့ ကုသနိုင်ပါတယ်။
နှင်းခူက ကလေး ၅ ဦးမှာ ၁ ဦးနှုန်းနဲ့ လူကြီး ၁၀ ဦးမှာ ၁ ဦးနှုန်းဖြစ်တတ်ပါတယ်။
သန့်စင်တဲ့ အုန်းဆီရဲ့ အကျိုးကျေးဇူးများ
အုန်းဆီဟာ နှင်းခူတွေကို သဘာဝအတိုင်း ကုသတဲ့နေရာမှာ ဆေးကောင်းတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီမှာ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်သလို အိုမင်ရင့်ရော်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။ အရေပြားယားယံမှုကို သက်သာစေသလို ရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အုန်းဆီမှာ ဗီတာမင်ဓါတ် ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို ကျန်းမာစေပါတယ်။ အရေပြားနဲ့ဆိုင်ရာ ကူးစက်ရောဂါကိုလည်း တားမြစ်ပေးနိုင်စွမ်းရှိပါတယ်။
ဘယ်လိုအသုံးပြုမလဲ
နှင်းခူဖြစ်နေတဲ့နေရာမှာ အုန်းဆီကို တစ်နေ့တည်းမှာပဲ အကြိမ်အရေအတွက် များများလိမ်းပေးရမှာပါ။ ညင်ညင်သာသာလေး ပွတ်လိမ်းပေးဖို့လိုပါတယ်။
တစ်နေ့ထဲမှာ အကြိမ်အရေအတွက် များများလုပ်ပေးဖို့ လိုအပ်သလို ညအိပ်ယာမဝင်ခင် လိမ်းပေးဖို့လည်းလိုပါတယ်။ အဲဒီလိုနည်းလမ်းအတိုင်း နှင်းခူတွေ မပျောက်မချင်းလုပ်ပေးနိုင်ပါတယ်။
အသုံးမပြုခင်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်သလို ပထမဆုံး မိမိအရေပြားနဲ့ ဓါတ်တည့်မတည့် အနည်းငယ်ပဲ စမ်းလိမ်းပေးသင့်ပါတယ်။ ဒါ့အပြင် သန့်စင်တဲ့ အုန်းဆီ ဖြစ်ဖို့ အထူးဂရုပြုရပါမယ်။