နေ့စဉ်အသုံးပြုနေတဲ့ အသားအရေထိန်းသိမ်းရေး ပစ္စည်းတွေထဲမှာ မျက်နှာသစ်ဆပ်ပြာလည်း ပါဝင်နေပါတယ်။ မျက်နှာသစ်ဆပ်ပြာဟာ အသားအရေ စိုပြေလှပဖို့အတွက် အရေးကြီးဆုံး အဆင့်ဖြစ်ပါတယ်။
ဈေးကြီးပေးဝယ်ရတဲ့ မျက်နှာသစ်ဆပ်ပြာထက် အသားအရေထိန်းသိမ်းဖို့ သဘာဝမျက်နှာသစ်ဆပ်ပြာကိုပြုလုပ်လိုက်ရအောင်ပါ။
အုန်းဆီနဲ့ မှုန့်ဖုတ်ဆိုဒါဟာ အသားအရေအတွက် အကျိုးကျေးဇူးများပြီး သဘာဝပစ္စည်းတွေမို့ အရေပြားပျက်စီးမှာ စိုးရိမ်စရာမလိုတော့ပါဘူး။ အုန်းဆီနဲ့ မှုန့်ဖုတ်ဆိုဒါကို ဝက်ခြံ၊ မျက်နှာမှာ အနီစက်ဖြစ်တာ ၊ အမာရွတ်တွေနဲ့ အရေးကြောင်းတွေအပါအဝင် ဆဲလ်အသေတွေကို ဖယ်ရှားလို့ရနိုင်ပါတယ်။
ပါဝင်ပစ္စည်း
မှုန့်ဖုတ်ဆိုဒါ
အုန်းဆီ
ပါဝင်ပစ္စည်းတွေကို ဘယ်လောက်သုံးမယ်ဆိုတာကတော့ သင့်အသားအရေအမျိုးအစားပေါ်မှာမူတည်ပါတယ်။ အသားအရေက ထိလွယ်ရှလွယ်တဲ့အသားအရေ (Sensitive Skin) ဆိုရင် အုန်းဆီနဲ့ မှုန့်ဖုတ်ဆိုဒါကို ၂ ချိုး ၁ ချိုးရောစပ်ပေးရပါမယ်။ တခြားအသားအရေအတွက်ဆိုရင်တော့ အညီအမျှပဲ ရောစပ်ပေးရပါမယ်။
ပြင်ဆင်ခြင်း
မှုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းကို ခွက်တစ်လုံးထဲ လောင်းထည့်ပါ။ အဲဒီနောက် အုန်းဆီထည့်ပါ။ အဲဒီနှစ်ခုကို ရောပြီး ပျစ်ပျစ်လေးဖြစ်တဲ့ထိမွှေပေးပါ။ အဲဒီနောက် မိုက်ခရိုဝေ့ (သို့) ခပ်နွေးနွေးရှိတဲ့အခန်းထဲမှာ ထည့်ပြီး စက္ကန့်၂၀ လောက်ထားပါ။ အဲဒီနောက် သေချာရောသွားအောင် ထပ်မွှေပေးပြီး ရေခဲသေတ္တာထဲမှာ ၅ မိနစ်ကနေ ၁၀ မိနစ်ထိထားပါ။ မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ်အနည်းငယ်ထားကာ ရေအေးနဲ့ မျက်နှာသစ်ချပါ။
တပတ်လောက်လုပ်လိုက်တယ်ဆိုရင်ပဲ ရလဒ်ကောင်းတွေရရှိလာမှာပါ။