အာဟာရ ပြည့်ပြည့်၀၀ ရရှိတဲ့ကလေးတွေဟာ စာသင်ကြားရာမှာပိုပြီး အာရုံစိုက်သင်ကြားနိုင်ပြီး ကျောင်းပျက်တာတွေလည်း နည်းပါတယ်။ ပညာရေးမှာ ပိုပြီး တိုးတက်ပြီး စာသင်ခန်းအတွင်းမှာလည်း ပြဿနာဖြစ်မှု နည်းပါတယ်။

ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို မြှင့်တင်နိုင်

အာဟာရက ကလေးတွေရဲ့ပညာရေး အပေါ်မှာ ဘယ်လို သက်ရောက်မှုရှိသလဲ။

ကျောင်းနေအရွယ်ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုမှာ အာဟာရက အဓိက အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ ဥပမာ သံဓာတ်၊ ဗီတာမင် E၊ ဗီတာမင် B ၊ ဇင့်ဓာတ်တွေ ချို့တဲ့တဲ့ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှုကို လျော့ကျတာတွေ့ရပါတယ်။

အဲ့ဒီအပြင် အမိုင်နို အက်ဆစ်၊ ကာဗိုဟိုက်ဒရိတ်ဓာတ်ပါတဲ့ အစားအစာတွေကို စားသုံးပေးရင် အာရုံစူးစိုက်နိုင်မှု၊ ကျိုးကြောင်းဆက်စပ် စဉ်းစားနိုင်မှုတို့ကို ထောက်ပံ့ပေးပြီး သင်ခန်းစာတွေကိုပိုပြီးနားလည်လွယ်ပါတယ်။

အာဟာရ ရှိစွာ စားသောက်ခြင်းက အထူးသဖြင့် ကျောင်းနေအရွယ်ကလေးတွေရဲ့ အသိဉာဏ်နဲ့ သိမှု နဲ့ ထက်မြတ်မှုတို့ကို လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။

ပိုမိုကောင်းမွန်တဲ့ အမူအကျင့်တွေပြုမူလာနိုင်

Kid eating Brocooli

အာဟာရ ပြည့်စုံစွာမစားတဲ့ကလေးတွေက ကျောင်းပျက်တာတွေများတဲ့အပြင် အမူအကျင့်ပိုင်းမှာလည်း ပြဿနာရှိလာပါတယ်။ အသင့်စားအစားအစာတွေမှာ သကြားဓာတ်ပါဝင်မှုတွေများတာကြောင့် သကြားက ကလေးတွေရဲ့ အပြုအမူတွေအပေါ်မှာ ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။

ကလေးငယ်တစ်ယောက်က ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်ဓာတ် နဲ့ အမျှင်ဓာတ်မျှတအောင် စားသောက်ရင် ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေမှုဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ အမူအကျင့်တွေပြုမူလာကြပါလိမ့်မယ်။

ပညာရေး ရလဒ်တွေပိုကောင်းဖို့ အာဟာရပြည်စုံစွာ စားသောက်ဖို့ လိုအပ်


လူမူဗေဒပညာရှင်တွေနဲ့ စီးပွားရေး ပညာရှင်တွေက ကျောင်းသားတွေ စားလေ့ရှိတဲ့ အစားအစာနဲ့ ပညာရေး ရလဒ်တွေကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။

အာဟာရပြည့်စုံစွာ စားသောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေမှာ စာမေးပွဲရလဒ်ပိုကောင်းတာကို တွေ့ရပါတယ်။

အာဟာရမပြည့်တဲ့ အစားအစာကနေ အာဟာရပြည့်ဝတဲ့ စားပုံစားနည်းကို ပြောင်းလဲလိုက်တဲ့အခါမှာ ကလေးတွေရဲ့ သင်္ချာ အမှတ်၊ စာဖတ်တဲ့ အမှတ်တွေနဲ့ အတန်းတက်ရောက်မှုနှုန်းတွေက တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။

အိမ်ချက် ဟင်းလျာများက အာဟာရပိုပြည့်ဝ

အိမ်မှာ ချက်တဲ့ ဟင်းလျာတွေက အပြင်မှာ စားတဲ့ဟင်းလျာတွေထက် သန့်ရှင်း၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ ပိုပြည့်ဝပါတယ်။ အဲ့ဒီအပြင် အပြင်မှာ စားတဲ့ ဟင်းလျာတွေထက် ပိုပြီး ဈေးသက်သက်သာသာနဲ့ချက်စားလို့ရပါတယ်။

မိဘတွေသာ အိမ်မှာ ဟင်းချက်ဖို့ အချိန်ပေးနိုင်ခဲ့ရင် သင့်ကလေးရဲ့ ဘဝတစ်လျှောက်လုံး အကျိုးကျေးဇူးတွေ အများကြီးရရှိမှာပါ။

ပညာရေးမှာလည်း ထူးချွန်ထက်မြက်လာပြီး ဘဝကို ကျန်းမာစွာနေထိုင်ဖို့အတွက် အကျင့်ဖြစ်ပြီးသားဖြစ်ပါလိမ့်မယ်။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့်က ပံ့ပိုးပေးထားပါတယ်။

ခနောကြက်သားမှုန့်

သင့်မိသားစုအတွက် အိမ်မှာ ဟင်းချက်ဖို့ အချိန်ပေးနိုင်ခဲ့ရင် ခနောကြက်သားမှုန့်က အနံ့အရသာရှိတဲ့၊ အာဟာရရှိတဲ့ ဟင်းလျာတွေ ချက်ပြုတ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

ဟင်းလျာတွေချက်ပြုတ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကလေးကို ရရှိမှာဖြစ်ပါတယ်။