သစ်ကြားသီးက အခွံမာသီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာလူမျိုးတွေလည်း သရေစာအဖြစ် စားသုံးကြတာမို့ သစ်ကြားသီးရဲ့ အကျိုးကျေးဇူးတွေကို သိရအောင် မျှဝေပေးချင်ပါတယ်။

သစ်ကြားသီးစားခြင်းရဲ့အကျိုးကျေးဇူးများ

အရွယ်တင်နုပျိုစေခြင်း

glowing-skin

သစ်ကြားသီးဟာ အိုးမင်းရင့်ရော်မှုကို အထိရောက်ဆုံးတားဆီးပေးနိုင်သလို အရေးအကြောင်း ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်တဲ့ ထိတ်တန်းအစားအစာ ၁၀ မျိုးထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ကင်ဆာရောဂါ

သစ်ကြားသီးကိုစားပေးတာဟာ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပြီး ကင်ဆာရောဂါဖြစ်ပွားမှု တစ်ချို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးကြော်ပိတ်တာကို ကာကွယ်ဖို့အတွက်လည်း အကောင်းဆုံး အစားအစားဖြစ်ပါတယ်။

ရောင်ရမ်းမှုကို လျှော့ချပေးခြင်း

1303566.large

ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေပါဝင်လို့ နာတာရှည် အဆစ်အမြစ်ရောင်ရမ်းတာ လေးဖက်နာတာတွေ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

ဦးနှောက်စွမ်းဆောင်ရည်

သစ်ကြားသီးကို နေ့စဉ်စားသုံးပေးတာဟာ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။

စိတ်ဖိစီးမှု

top-15-health-benefits-of-eating-walnuts-7

သစ်ကြားသီးမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းက စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်။

စိတ်ခံစားမှု

သစ်ကြားသီးဟာ စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ အကောင်းဆုံးအစားအစာပါပဲ။

ဟော်မုန်း

သစ်ကြားသီးဟာ ဟော်မုန်းပါဝင်မှုညီမျှစေတဲ့ ထိတ်တန်းအစားအစာ ၂၀ ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဘယ်လောက်စားရမလဲ

walnuts

သစ်ကြားသီးမှာ ဗီတာမင် B နဲ့ C အပြင်ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဆီဓါတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပရိုတင်း၊ သံဓါတ်တွေပါဝင်လို့ သရေစာအဖြစ်စားသုံးဖို့ ကြံပြုပါရစေ။

အများကြီးစားဖို့ မလိုပါဘူး တစ်နေ့ကို ၇ စေ့စားပေးရုံပါပဲ။ ဒါ့ကြောင့် မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ မျှဝေစားသုံးပေးနိုင်ပါတယ်။

Photo Credit: reservalife.com