ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာလို့ဆိုလိုက်ရင် တရုတ်နံနံကို သတိရကြမှာပါ။ တရုတ်နံနံမှာ အာဟာရဓါတ်များစွာပါဝင်ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက စိုက်ပျိုးအသုံးပြုလာခဲ့ကြတာပါ။ ရှေးအီဂျစ်နဲ့ ဂရိတို့ရဲ့ ထင်ရှားတဲ့ ဆေးစွမ်းလည်းဖြစ်ပါတယ်။
တရုတ်နံနံကိုနေ့တိုင်းစားရင် ဘာအကျိုးရှိသလဲ
တရုတ်နံနံဟာ ရေကို အခြေခံစိုက်ပျိုးတဲ့ သီးနှံဖြစ်ပြီး ဗီတာမင်နဲ့ ဓါတ်တုဓါတ်ကြွယ်ဝပါတယ်။ လက်ရှိ ဈေးကွက်မှာရနေတဲ့ အားဖြည့်အချိုရည်တွေလိုပဲ အစွမ်းထက်လှပါတယ်။ တရုတ်နံနံ နဲ့ နံနံပင်ဟာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်စည်းပေးနိုင်ပါတယ်။
တရုတ်နံနံပင်မှာ သံဓါတ် ၊ သွပ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်၊ ပိုတက်ဆီယမ်ဓါတ်၊ ကယ်လ်ဆီယမ်ဓါတ်၊ ဗီတာမင် A, C ,E, K, B12 နဲ့ တခြားဓါတ်တွေလည်းပါဝင်ပါတယ်။
ဒါ့အပြင် ဆယ်လ်လူလာတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။
ဂေါက်တို့လို အရိုးအဆစ်တွေနာကျင်တဲ့ဝေဒနာတွေအတွက်လည်း တရုတ်နံနံ ကို စားသုံးနိုင်ပါတယ်။ တရုတ်နံနံဟာ ရောင်ရမ်းမှုကို သက်သာစေပြီးတော့ နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေပါတယ်။
လူတွေမသိကြသေးတာကတော့ တရုတ်နံနံပင်မှာ Antioxidant နဲ့ အော်လ်ဂဲနစ်ကွန်ပေါင်းဓါတ်တွေပါဝင်ပြီးတော့ ကင်ဆာတိုက်ဖျက်နိုင်ပါတယ်။ ဒါ့ကြောင့် တရုတ်နံနံပင်ကိုစားပေးသင့်ပါတယ်။