Vitamin A ဟာ အဆီပျော်ဝင်စေတဲ့ Vitamin ဓာတ်ဖြစ်ပြီး အမြင်အာရုံ၊ အရေးပြား၊ အရိုးနှင့် ခန္ဓာကိုယ်ရှိအခြား တစ်သျူးများအတွက် အထောက်အကူပြုပါတယ်။ Vitamin A ဟာ နှလုံး၊အဆုတ်၊ ကျောက်ကပ် နှင့်အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ပုံမှန်လုပ်ဆောင်ပေးရန်လည်း ပံ့ပိုးပေးပါတယ်။

Vitamin A မှာ performed Vitamin A နဲ့ Pro-Vitamin A ဆိုပြီးနှစ်မျိုးရှိပါတယ်။

– Performed Vitamin A ကိုတိရစ္ဆာန်ထုတ်ကုန်ထဲမှာ တွေ့ရပါတယ်။ ဥပမာ(နို့၊ ဥများ၊ အသားများ၊ ထောပတ်၊ အသည်း၊ ငါးကြီးဆီ၊ ခရင်မ်နှင့် ကျောက်ကပ်များ စသည်)

– Pro-Vitamin A ကိုတော့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမှ ရရှိနိုင်ပါတယ်။Pro-Vitamin A ကို Beta-Carotene ဟုခေါ်ပြီး အရောင်တောက်တဲ့ အစားအစာတွေဖြစ်တဲ့

သခွားမွှေး
ပန်းရောင် ဂရိတ်ဖရု
တရုတ်ဇီးသီး
မုန်လာဥနီ
ရွှေဖရုံသီး
ကန်စွန်းဥ
အစိမ်းရောင်ရင့် ဟင်းရွက်မျာ
ပန်းဂေါ်ဖီစိမ်း စသည်တို့မှာတွေ့နိုင်ပါတယ်။

Vitamin A ချို့တဲ့ရင် ဘာဖြစ်နိုင်သလဲ။

အများအားဖြင့် ကိုယ်ဝန်သည်နှင့် ကလေးသူငယ်တွေမှာတွေ့ရပြီး Xerophthalmia လို့ခေါ်တဲ့ အမြင်အာရုံဆိုင်ရာရောဂါတစ်မျိုးဖြစ်တတ်ပါတယ်။ယင်းရောဂါဟာ အလင်းနည်းတဲ့အခါ မြင်နိုင်စွမ်းမရှိခြင်းဖြစ်ပြီး တစ်ခါတစ်ရံ မျက်စိကွယ်တာ အထိဖြစ်တတ်ပါတယ်။

Vitamin A ရဲ့ ကျန်းမာရေးစွမ်းရည်များကတော့ ကင်ဆာရောဂါဖြစ်နိုင်ချေ လျော့နည်းခြင်း၊ သက်ကြီးရွယ်အိုများ အမြင်အာရုံ ချို့တဲ့ခြင်းမှ ကာကွယ်ပေးခြင်း၊ ကလေးသူငယ်များ ဖျားနာခြင်း၊ ဝက်သက်ဖြစ်ခြင်း မှကာကွယ်ပေးခြင်းတို့ဖြစ်ပါတယ်။

Vitamin A ရဲ့ ဆိုးကျိုးများ

Vitamin A ပါဝင်မှုနှုန်းများတဲ့ ဆေးတွေကိုသုံးစွဲ မိတဲ့အခါ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ သတိလစ်ခြင်းနှင့် ပြင်းထန်ပါက သေသည်အထိတောင်ဖြစ်နိုင်ပါတယ်။