ခံတွင်းနံ့ဆိုးတာဟာ သင့်ကို ဆွဲဆောင်မှုလျော့စေသလို ယုံကြည်မှုလည်း လျော့စေပါတယ်။ မနက်မိုးလင်းတာနဲ့ လူတိုင်း သွားတိုက်ကြမှာအမှန်ပါပဲ။ ဒါပေမယ့် နေ့လည်ဖက် ထမင်းစားပြီးတဲ့အခါမှာ ခံတွင်းနံ့ ဆိုးလာတာဟာ သင့်ကိုလူကြားထဲမှာ ရဲရဲဝံ့ဝံ့စကားမပြောရဲအောင်ဖြစ်နေတယ်ဆိုရင် ဖြေရှင်းဖို့နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။

အရင်ဆုံး ခံတွင်းနံ့ဘာလို့နံရသလဲဆိုတာ ကြည့်ရအောင်ပါ

Mal-aliento-500x325

ခံတွင်းသန့်ရှင်းရေးပြုလုပ်မှုအားနည်းခြင်း

အစာမကြေခြင်း

သွားကျန်းမာရေးဆိုင်ရာ ပြဿနာကြောင့်

အရက်သောက်ခြင်း

ဆေးလိပ်သောက်ခြင်း

သွားပိုးစားခြင်း
သင့်စွဲပြီးသောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်

လည်ကြောင်းပြဿနာကြောင့်

အသည်းလုပ်ဆောင်မှုမကောင်းတာကြောင့်

ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အခုဖော်ပြတဲ့နည်းလမ်းတွေကို သုံးကြည့်လို့ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။ တချို့ အဆုပ်ရောဂါတို့လို ရောဂါတွေဟာလည်း ခံတွင်းနံ့ဆိုးတာနဲ့ ဆက်စပ်နေလို့ပါပဲ။

ခံတွင်းနံ့ဆိုးတာကို သက်သာစေမယ့် နည်းလမ်းလေးတွေ

အဓိကအရေးကြီးဆုံးကတော့ ခံတွင်းကို သန့်ရှင်းရေးုလုပ်ပေးဖို့ပါပဲ။ အစာစားပြီးရင် ပီကေဝါးပေးတာမျိုးလုပ်ပေးနိုင်ပါတယ်။ ယနေ့ခေတ်အစားအစာတွေဟာ ဓာတုပစ္စည်းတွေ များစွာပါဝင်လာတာကြောင့် သင့်ကိုခံတွင်းနံ့ပိုလို့ဆိုးစေပါတယ်။

floss

သွားကြားလေးတွေထဲကို အပ်ချည်ကြိုးနဲ့ သန့်ရှင်းရေးလုပ်ပေးပါ။ လျှာကိုလည်း သန့်ရှင်းရေးလုပ်ပါ။

ခံတွင်းနံ့ နံစေတဲ့ အစားအစာတွေကို ရှောင်ပေးပါ။ ထမင်းစားပြီးရင် ပလုတ်ကျင်းပေးပါ။

ရေနွေးကြမ်းသောက်ပေးပါ။ Green Tea သောက်ပေးတာမျိုးလုပ်နိုင်ပါတယ်။

ရေများများသောက်ပါ။

BrushingTeeth_MEDIA

သွားတိုက်ရင် အနည်းဆုံး ၂ မိနစ်အချိန်ယူပေးပြီးတိုက်ပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ်မဖြစ်မနေ တိုက်ပေးသင့်ပါတယ်။

ကယ်လ်ဆီယမ်နဲ့ ဖရိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးသုံးပေးပါ။