ကျန်းမာရေးကောင်းမွန်ဖို့အတွက် ရေဟာ မရှိမဖြစ်လိုအပ်တယ်ဆိုတာကို အားလုံးပဲသိထားပြီးကြမှာပါ။ သို့သော်လည်း ဘယ်လိုပုံစံနဲ့ ကိုယ့်ရဲ့ကျန်းမာရေးကို အထောက်အကူဖြစ်စေသလဲ၊ ဘယ်လိုမျိုးကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲဆိုတာကိုတော့ သေချာနားလည်သဘောမပေါက်ကြပါဘူး။ ရေဓာတ်ပြည့်ဝဖို့အတွက် အရည်တွေကိုသာသောက်သုံးပေးရမှာမဟုတ်ဘဲ အရည်ဓာတ်ပါဝင်တဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း ပူးတွဲစားသုံးပေးနိုင်ပါတယ်။

ဒါဆိုရင် လူသားများအတွက် ရေက ဘာကြောင့် အလွန်အရေးကြီးပြီး မရှိမဖြစ်လိုအပ်သလဲဆိုတာကို အခုပဲပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

သွားရည်ဖြစ်စေခြင်း

ခံတွင်းကျန်းမာစေရေးနှင့် မာကြောသောအစာများကို ခြေဖျက်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်သော သွားရည်တွင် ရေဟာအဓိကအစိတ်ပိုင်းတစ်ခုပါ။ အရည်များကို မှန်မှန်သောက်သုံးပေးမယ်ဆိုရင် သွားရည်ကို ပုံမှန်ထုတ်လုပ်နိုင်ပေမယ့် အသက်အရွယ်ရလာသည်နှင့်အမျှ သို့မဟုတ် အချို့ဆေးဝါးများ၊ ကုထုံးများကြောင့်လည်း သွားရည်ထုတ်လုပ်မှုလျော့နည်းသွားနိုင်ပါတယ်။

ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းပေးခြင်း

ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ချိန်၊ ပူပြင်းတဲ့ရာသီဥတုပတ်ဝန်းကျင်များတွင် ခန္ဓာကိုယ်မှ ချွေးတွေထွက်လာကာ ရေဓာတ်ကုန်ဆုံးလာပါတယ်။ ကိုယ်ခန္ဓာအေးမြနေစေဖို့အတွက် ချွေးကထိန်းသိမ်းပေးတာကြောင့် ကုန်ဆုံးသွားတဲ့ရေကို ပြန်လည်မဖြည့်တင်းပေးဘူးဆိုရင် ကိုယ်အပူချိန်လည်းမြင့်တက်လာပါလိမ့်မယ်။ ဒါကြောင့် ပုံမှန်ထက်ချွေးထွက်နေပြီဆိုလျှင်တော့ ရေများများသောက်ပေးပါ။

ဝမ်းချုပ်သက်သာစေခြင်း

ဝမ်းချုပ်သည့်ပြဿနာကင်းဝေးဖို့အတွက် ဖိုက်ဘာပါဝင်သည့် အစားအသောက်စားပေးရုံနဲ့တင် မလုံလောက်ပါဘူး။ မဂ္ဂနီဆီယမ်၊ ဖိုက်ဘာပါဝင်သည့် အစားအစာများကို စားပေးပြီး ရေလုံလုံလောက်လောက်သောက်သုံးပေးမယ်ဆိုရင်တော့ ဝမ်းချုပ်သည့်ပြဿနာကင်းဝေးစေမှာပါ။

ကိုယ်အလေးချိန်လျော့ကျစေခြင်း

Diet လုပ်နေစဉ်အတွင်း ရေများများသောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ပေးခြင်းက မလိုလားအပ်တဲ့ အဆီတွေကို ဖယ်ရှားပေးပြီး ကိုယ်အလေးချိန်ကို သိသိသာသာ ကျဆင်းစေနိုင်ပါတယ်။

အသားအရေကို ဝင်းလက်လာစေခြင်း

သင့်တင့်မျှတသည့် ရေပမာဏကို သောက်သုံးပေးခြင်းက အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး Collagen ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။ သို့သော်လည်း အိုမင်းရင့်ရော်မှုလက္ခဏာများကို လျော့နည်းစေဖို့အတွက် ရေသောက်သုံးပေးခြင်းသာမကပဲ နေအပူဒဏ်မှလည်း သေချာကာကွယ်ဖို့လိုအပ်ပါတယ်။

အခုလို လူတို့အတွက် ရေက ဘာကြောင့် အလွန်အရေးကြီးပြီး မရှိမဖြစ်လိုအပ်သလဲဆိုတာ သိပြီးပြီဆိုရင်တော့ ကောင်းမွန်တဲ့ရေသန့်ကို ရွေးချယ်သောက်သုံးဖို့လိုလာပါပြီ။ ရွေးချယ်တဲ့အခါမှာလည်း သေချာစနစ်တကျသန့်စင်ထားတဲ့ ရေကိုသာသောက်သုံးသင့်တာကြောင့် Wave Plus သောက်ရေသန့်က အကောင်းဆုံးပါပဲ။

Wave Plus သောက်ရေသန့်အကြောင်း

အရည်အသွေးကောင်းမွန်မှုကို ဦးစားပေး ပထမအနေနဲ့ ထားရှိပြီး ထုတ်လုပ်လျက်ရှိတဲ့ Wave Plus သောက်ရေသန့်ဟာဆိုရင် ထွက်ရှိထားတာမကြာသေးပေမယ့်လည်း လက်ရှိအချိန်မှာ လူအများရဲ့ စိတ်ဝင်စားမှုကို အထူးရရှိထားပါတယ်။ ရေသန့်ဘူးရဲ့ ပုံစံဒီဇိုင်းကလည်း မြင်တွေ့နေကျမဟုတ်တဲ့ ချစ်စဖွယ်ဒီဇိုင်းလေးနဲ့အပြင် အရွယ်အစားအမျိုးမျိုးတို့ကို လူတန်းစားမရွေး ဝယ်ယူသောက်သုံးနိုင်တဲ့ ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိနေပါတယ်။

အမြို့မြို့အနယ်နယ်မှ မိတ်ဟောင်းမိတ်သစ်များအတွက် ပြန်လည်ဖြန့်ချီရောင်းချလို၍ဖြစ်စေ လက္ကားမှာယူလိုတယ်ဆိုရင်တော့ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း သတင်းကောင်းပါးပေးလိုက်ရပါတယ်။

Sales Hot Line: 09-782525888, 01-551833, 01-544867
Business Sales Hot Line: 09-784242777, 09-954242777