ဂျင်းမုန်လာဥနီဖျော်ရည်ဟာ ကယ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓာတ် သင့်တင့်မျှတစွာပါဝင်လို့ သင့်ကျန်းမာရေးအတွက် အရမ်းကောင်းမွန်ပါတယ်။ ဒါ့ကြောင့် မကြာသေးမီ နှစ်တွေက ဂျင်းမုန်လာဥနီဖျော်ရည်ဟာ ကျန်းမာရေးလိုက်စားတဲ့သူတွေကြား ပိုပြီးနာမည်ကျော်လူကြိုက်များလာခဲ့တာပါ။

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ခြင်း၊ Antioxidant နဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်လို့ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးနိုင်သလို ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

ဆိုင်တွေမှာ ဝယ်သောက်နေတဲ့ အချိုရည်တွေ၊ ဆိုဒါတွေနေရာမှာ အစားထိုးသောက်သုံးသင့်တဲ့ ဖျော်ရည်ပါ။ ဘာလို့လဲဆိုတော့ ၁၀၀% သဘာဝ ဖျော်ရည်ဖြစ်လို့ပါပဲ။

ဘာလို့ ဂျင်းမုန်လာဥနီဖျော်ရည်ကို သောက်သင့်သလဲဆိုတာကို မျှဝေပေးပါမယ်။

၁။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

သဘာဝအမျှင်ဓာတ်၊ Antioxidant တွေနဲ့ သတ္တုဓာတ်တွေပါဝင်လို့ နှလုံးရဲ့ လုပ်ဆောင်မှုကိ ုကောင်မးွန်စေပါတယ်။ ကိုလက်စထရောမပါဝင်တာကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးလွှတ်ကြောကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

၂။ အစာချေစနစ်ကို ကောင်းမွန်စေခြင်း

ဝမ်းချုပ်ခြင်း အစာမကြေခြင်း ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတွေ ခဏခဏ ဖြစ်တတ်ရင် ဂျင်း၊ မုန်လာဥနီဖျော်ရည်ကို ပုံမှန်သောက်ပေးပါ။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကို ကောင်မးွန်စေပါတယ်။

၃။ အသားအရေကို ကျန်းမာစေခြင်း

ဗီတာမင် A, C ပါဝင်လို့ သင့်ရဲ့ Collagen ထုတ်လုပ်မှုကို မြင့်တက်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။ အသားအရေကိုလည်း စိုပြေစေပါတယ်။

၄။ အအေးမိ နှာစေးခြင်းမှ ကာကွယ်ပေးခြင်း

ဂျင်း၊ မုန်လာဥနီဖျော်ရည်ကို ပုံမှန်သောက်ပေးမယ်ဆိုရင် အအေးမိ၊ နှာစေးခြင်းမှ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတာကြောင့် သင့်ကို အမြဲတမ်းကျန်းမာနေစေမှာပါ။

၅။ ကိုယ်အလေးချိန်လျှော့ချဖို့ ကူညီပေးခြင်း

ကျန်းမာရေးနဲ့ညီညွတ်ပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ သဘာဝဖျော်ရည်ဖြစ်တာကြောင့် ကိုယအလေးချိန်လျှော့ချရာမှာ အကူအညီဖြစ်စေပါတယ်။ ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေလို စာလောင်မွတ်သိပ်မှုကိုထိန်းပေးပါတယ်။

ဘယ်လိုဖျော်သောက်မလဲ

မုန်လာဥနီ အလယ်အလတ် ၅ လုံး

လိမ္မော်သီး ၃ လုံး (အရည်ညှစ်ပါ)

တောက်တောက်စဉ်းထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်း လက်ဖက်ရည်ဇွန်းတစ်ဝက် (ကြိုက်နှစ်သက်မှထည့်ပါ)

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

မုန်လာဥနီကို အခွံနွှာပြီး ဖျော်စက်ထဲမှာ ထည့်ဖျော်လိုက်ပါ။ ပြီးရင် လိမ္မော်ရည်၊ ဂျင်း၊ နနွင်းထည့်လိုက်ပြီး ထပ်ဖျော်လိုက်ပါ။ အားလုံးသေချာရောသွားရင်တော့ ခွက်ထဲထည့်ပြီး ပျားရည်ထည့်ကာ သောက်နိုင်ပါပြီ။

ဘယ်လိုသောက်မလဲ

မနက်စာမစားခင်သောက်ပေးနိုင်သလို၊ သင်သောက်ချင်တဲ့အချိန်တိုင် းသောက်လို့ရပါတယ်။ တစ်ပတ်ကို ၃ ရက်လောက် သောက်ပေးပါ။ အရမ်းလည်းလွယ်ပြီး ကျန်းမာရေးနဲ့လည်းညီညွတ်တာမို့ မျှဝေပေးလိုက်ပါတယ်နော်။