ဆောင်းရာသီဟာ အသားအရေကို ပိုပြီး ဂရုစိုက်ရတဲ့ ကာလလို့တောင် ဆိုချင်ပါတယ်။ ခြောက်သွေ့ပြီး အက်ကွဲတတ်တဲ့ ရာသီ ဖြစ်သလို နေရောင်ခြည်ကလည်း ထွက်လာပြီဆိုတာနဲ့ အလွန် ပူပြင်းတာကြောင့် ရေဓာတ်လည်း အလွယ်တကူ ခန်းတတ်တဲ့ ရာသီပါ။ ဒီလို ရာသီမျိုးမှာ ကြည်လင်ပြီး စိုပြည်နေတဲ့ အသားအရေပိုင်ရှင်လေးတွေ ဖြစ်ဖို့ ဆိုရင်တော့ ရေသောက်ရုံနဲ့တင် မရပါဘူး အသီးအနှံလေးတွေပါ ဖြည့်စွက်ပြီး စားပေးသင့်ပါတယ်။ ဘယ်လို အသီအနှံလေးတွေကို စားသင့်သလဲဆိုရင်တော့

red and green gooseberry isolated on white background

Gooseberry

ဆီးဖြူသီးနဲ့ ဆင်တဲ့ သင်္ဘောဆီးဖြူလို့လည်းေ ခ်ါပါတယ်။ ဆီးဖြူသီးလည်း အာနိသင် အတူတူပါပဲ။ ဆူးချုံတွေမှာ ပေါက်တတ်တဲ့ အသီးပါ။ ဗီတာမင်စီ ကြွယ်ဝပြီး ရေဓာတ်ပြည့်စေပါတယ်။ သွေးလည်ပတ်မှုကို ကောင်းစေတဲ့ အပြင် အသားအရေကို ကြည်လင်ပြီး စိုပြည်စေနိုင်တဲ့ အာနိသင် ရှိပါတယ်။

papaya

သင်္ဘောသီး

သင်္ဘောသီးမှာ ဗီတာမင်အေနဲ့ အင်ဇိုင်းဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဆေးမထိုးတဲ့ သင်္ဘောသီးဆိုရင်တော့ ပိုကောင်းးပါတယ်။ သင်္ဘောသီးဟာ ဆဲလ်အသေတွေကို ဖယ်ရှား ပေးနိုင်ပြီး စိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

pomo
သလဲသီး

အသီးပုံစံလေး လှသလို အရသာလည်းရှိတဲ့ အသီးပါ။ ရုပ်ရည်ကို နုပျိုစေတဲ့ အသီးတစ်မျိုးလို့ ပြောရင် မမှားပါဘူး။ အသားအရေကို ကြည်လင်စေရုံမက အစက်အပြောက်နဲ့ အရေပြား တွန့်ခြင်း ကို ကာကွယ်ပေးပါတယ်။ ဆောင်းရာသီမှာ စားသင့်တဲ့ အသီးတစ်မျိုးပါ။

banana

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ် ပါဝင်ပြီး အသားအရေအတွက် လိုအပ်တဲ့ ဗီတာမင်အီးနဲ့ ဗီတာမင်စီတို့ ပါဝင်ပါတယ်။ ဒါကြောင့် ရေဓာတ်ခန်းခြောက်ခြင်းကို သက်သာစေနိုင်တဲ့ အပြင် စိုပြေတဲ့ အသားအရေဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။

ဆီးသီး

ဆောင်းရာသီရဲ့ ရာသီစာလည်း ဖြစ်တဲ့ ဆီးသီးဟာ ရာသီဥတုနဲ့ လိုက်ဖက်အောင် သဘာဝ တရားက ဖြည့်တင်းပေးထားတာပါ။ ဆီးသီးမှာ ဗီတာမင်ဘီနဲ့ ဗီတာမင်အီးပါဝင်တဲ့ ဆီးသီးဟာ မက်ဂနီဆီယမ်နဲ့၊ ကယ်လ်ဆီယမ်၊ ဇင့်နဲ့ သံဓာတ်လည်း ပါဝင်ပါတယ်။ သွေးသားးကို သန့်စင်စေပြီး အသားရေခြောက်သွေ့ခြင်းကို အပြည့်အ၀ ကူညီပေးပါလိမ့်မယ်။

Source: zeenews