ကိုယ် စားချင်တာကို အားရပါးရစားပြီးတဲ့နောက်မှာ ဗိုက်ပြည့်ပြီး တင်းတိမ်သွားရင်တော့ ပြဿနာမရှိပေမယ့် အစား စားတာများသွားလို့ အစာမကြေဖြစ်ပြီဆိုရင်တော့ စိတ်မချမ်းမသာဖြစ်ရပါတယ်။

ဒီလိုအစာမကြေဖြစ်လာပြီဆိုရင် ဘယ်လို အစားအစာတွေကို ရှောင်ကြဉ်သင့်သလဲဆိုတာ စာဖတ်သူတို့ သိပြီးပါပြီလား။ အစာမကြေဖြစ်တဲ့အခါ အခုဖော်ပြပေးမယ့်အစားအစာတွေကို စားသုံးမိမယ်ဆို ဝေဒနာပိုဆိုးသွားတတ်ပါတယ်။

ဆီများတဲ့ အစားအစာများ၊ အကြော်စာများ

Source: chakru.com

ဆီများများနဲ့ ချက်ပြုတ်ကြော်လှော်ထားတဲ့အစားအစာတွေက ကျန်းမာရေးအတွက် ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် အစာမကြေဖြစ်နေတဲ့အချိန်ဆိုရင် ပိုဆိုးပါတယ်။ ထိုအစာထဲမှာ ပါဝင်တဲ့ အဆီဓာတ်က အစာချေစနစ်ကို ထိခိုက်စေတာကြောင့် အစာမကြေမှုနှုန်းက ပိုမြှင့်လာပါလိမ့်မယ်။

ငရုတ်သီးတောင့်

အစပ် ဘယ်လောက်ကြိုက်ကြိုက် အစာမကြေဖြစ်နေချိန်မှာတော့ ငရုတ်သီးတောင့်များနဲ့ စပ်တဲ့အစားအစာတွေကို ခဏတဖြုတ် မေ့ထားသင့်ပါတယ်။ စားမိလိုက်မယ်ဆိုရင် အစာပြွန်ကို ပူလောင်စေပြီး အူလမ်းကြောင်းကိုလည်း လောင်ကျွမ်းသွားစေပါလိမ့်မယ်။

နို့ထွက်ပစ္စည်းများ

သင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လစီယမ်ဓာတ်ကို နို့နှင့် နို့ထွက်ပစ္စည်းများမှ ရယူနိုင်ပေမယ့် အစာမကြေချိန်မှာတော့ ထိုနို့ထွက်ပစ္စည်းများက သင့်ကို အာဟာရဓာတ်တွေ မပေးစွမ်းဘဲ သင့် အစာအိမ်ထဲက အူတွေကို ထိခိုက်ပျက်စီးစေမှာပဲဖြစ်ပါတယ်။

အရက်

လူကြိုက်များတဲ့ အရက်တွေထဲမှာပါဝင်တဲ့ ကယ်လိုရီအချိုးအစားများ

အရက်၊ ဘီယာတို့က သင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ ပြောနေစရာမလိုတော့ပါဘူး။ အစာမကြေဖြစ်နေချိန်ဆို ပိုသတိထားသင့်ပါတယ်။ ထိုအချိန်မှာ သောက်သုံးမိမယ်ဆိုရင် အစာအိမ်နံရံကို လောင်ကျွမ်းသွားစေပြီး အာဟာရဓာတ်များကို အကုန်အစင် စုပ်ယူပစ်လိုက်ပါတယ်။ အစာအိမ်အားနည်းသွားတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အစာအိမ်အောင့်ခြင်းကိုလည်း မကြာခဏ ခံစားရရှိနိုင်ပါတယ်။

ကော်ဖီ၊ လက်ဖက်ရည်နှင့် ဆိုဒါအချိုရည်များ

အစာမကြေဖြစ်နေချိန်မှာ ရှောင်ကြဉ်သင့်တဲ့ ဖျော်ရည်တွေထဲမှာ ကော်ဖီ၊ လက်ဖက်ရည်နှင့် ကာဗွန်နိတ်ဓာတ်တို့ပါဝင်တဲ့ အချိုရည်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ပင်စိမ်းလက်ဖက်ရည်ကိုလည်း မသောက်သုံးသင့်ဘူးလို့ လေ့လာတွေ့ရှိချက်တွေအရ သိရှိရပါတယ်။

ပြောင်းဖူး

အစာမကြေဖြစ်နေတဲ့ချိန်မှာ ပြောင်းဖူးထဲက အမျှင်ဓာတ်တွေကို ချေဖျက်ပေးနိုင်တဲ့ အင်ဇိုင်းဓာတ် လုံလောက်စွာ မရှိတဲ့အတွက်ကြောင့် ပြောင်းဖူးကိုလည်း မစားသင့်ပါဘူး။ ဖြည်းဖြည်းလေးနဲ့ ကြာကြာဝါးစားမယ်ဆိုရင်တော့ စားသုံးလို့ရပေမယ့် ဝါးမစားဘဲ အစေ့လိုက် မျိုချတတ်တဲ့ အကျင့်ရှိရင်တော့ အစာမကြေတဲ့အချိန်မှာ ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။

Source: health.com